Thursday, January 15, 2015

ဦးဖုန်ကြားရှင် ရဲ့ သြဇာအာဏာ ဒေသတွင်းမှာ မရှိတော့ပါဘူး



၂ဝ၁၅ ဇန်နဝါရီလ ပထမအပတ်အတွင်းက နိုင်ငံရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသများထဲမှ ကိုးကန့်နှင့် ပတ် သက်၍ သတင်းများဆက်တိုက်ဆိုသလို ထူးခြားနေသည်။ ၁၉၈၉ ခုနှစ်က နိုင်ငံတော်နှင့် အပစ်ရပ် ငြိမ်းချမ်းရေး လက်မှတ်ထိုးထားခဲ့သော်လည်း တပ်မတော်၏  သဘောထားဖြစ်သော နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းရေးကို လက်မခံခဲ့မှုဖြင့် ၂ဝဝ၉ ခုနှစ်က ရင်ဆိုင် တိုက်ပွဲဖြစ်ကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည့် ကိုးကန့်လက်နက်ကိုင် ခေါင်းဆောင် ဦးဖုန်ကြားရှင်၏ ကြေညာချက်၊ ၄င်း၏အမှန်တရားနှင့်မျှတမှု၊ အမျိုးသား ပါတီနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာ မိတ်တပ်မတော်ဟု ဆိုထားသော အရာနှစ်ခုတို့၏ ထုတ်ပြန်ကြေညာချက်များက နိုင်ငံတွင်းသာမက နိုင်ငံတကာ မီဒီယာကပါ အာရုံစိုက်လာသည် အထိ ထူးခြားသွားခဲ့ခြင်း ဖြစ်သည်။
အသက် ၈ဝ ကျော်အရွယ်ရှိပြီး အိုမင်းနေပြီဖြစ်သည့် ၄င်း၏ လုပ်ရပ်များက လက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ အပေါ် မည်မျှအထိသက်ရောက်မည်ဆိုသည်ကို ပေါ်ပြူလာနယူးစ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ အဖွဲ့ထံ ဆက်သွယ်ကာ မေးမြန်းလိုက်ရပါသည်။

အဆိုပါကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသအစိုးရကိုယ်စား ဦးစီးအဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဦးကျောက်ထယ်ချန်ကဖြေ ဆိုပေးခဲ့ပါသည်။ 

လက်ရှိဥက္ကဋ္ဌဖြစ်သူမှာ   မြန်မာစကားပြောဆိုမှု၌ အခက်အခဲရှိသည့်အတွက်ကြောင့် ဖြစ်သည်။

►မင်္ဂလာပါခင်ဗျ။ အရင် ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့ ခေါင်း ဆောင်ရဲ့ ပါတီနဲ့ တပ်ဖွဲ့ဆိုပြီး ကြေညာ
ချက်တွေ၊ တရုတ်မီဒီယာ  ကြားခံပြီး မြန်မာ အစိုးရကို စိန် ခေါ်တဲ့ အသံတွေကို ကြားပြီး  သွားပြီလားဗျ။
ကိုးကန့်ဒေသမှာ အဲဒီ ကိစ္စ နဲ့ ပတ်သက်ပြီး ဘာမှထူးခြားမှု မရှိပါဘူး။
►ဦးဖုန်ကြားရှင်တို့က ကိုးကန့်ဒေ သကို ပြန်လည် သိမ်းယူမယ်လို့  ပြောနေတယ်နော်။ ဘယ်လို လုပ် မလဲ။
သူတို့ ပါတီတို့ သူတို့ တပ်ဖွဲ့ တို့ဆိုတာ လောလောဆယ် ကိုး ကန့်ဒေသမှာ မရှိပါဘူး။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂ဝ၁၁ မတ်လ ၃၁ ရက်မှာ လောက်ကိုင်မြို့အပါအဝင် ဒီဒေသ တွေကို ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ် ခွင့်ဒေသလို့ သတ်မှတ်ထားတာ ဖြစ်တဲ့အတွက် ကိုးကန့်တွေရဲ့ လုံ ခြုံရေးကို သက်ဆိုင်ရာအဖွဲ့အ စည်းအသီးသီးက တာဝန်ယူနေပါ တယ်။ ဒီဒေသမှာ တပ်မတော် ရှိ တယ်။ နယ်ခြားစောင့်တပ်အ မှတ် (၁ဝဝ၆) တပ် ရှိတယ်။ ပြည် သူ့စစ်ရှိတယ်။ ရဲတပ်ဖွဲ့ရှိတယ်။ လက်ရှိမှာ ကိုးကန့်ဒေသဟာတည်ငြိမ်အေး ချမ်းနေပြီး အစိုးရ ဌာနတွေကလည်း ပုံမှန်အလုပ် တွေကို လုပ်ကိုင်နေပါတယ်။  လက်တွေ့လာရောက် လေ့ လာနိုင် ပါတယ်။ လက်တွေ့လာရောက် လေ့လာပြီး အခြေအနေအမှန်ကို ကြည့်စေချင်ပါတယ်။
►ဦးဖုန်ကြားရှင်က ကိုးကန့်တွေက စီးပွားရေးပိုင်းဆိုင်ရာတွေမှာ ပြေ လည်မှုတွေ မရှိသေးဘူး ပြောနေ တယ်။ အဲဒါ ဟုတ်ပါသလား။
အခု အချိန်ဟာ ဒေသ ဖွံ့ဖြိုး ရေးတွေကို အင်တိုက်အားတိုက် လုပ်နေတဲ့အတွက် တိုးတက်မှုတွေ ဖြစ်ပေါ် လာနေပါတယ်။ ၂ဝဝ၃ ခုနှစ်မှာဆိုရင်   နိုင်ငံတော်က အရင်ထက် ဘတ်ဂျက်ငွေတွေ အသုံးပြုပြီး ကိုးကန့်ဒေ သ တိုး တက်ဖို့အတွက် အင်တိုက် အားတိုက် ဆောင်ရွက်ပေးနေပါတယ်။ ဒါ့အပြင် ကျေးလက် ဒေသ ဖွံ့ ဖြိုးရေးဒေသနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းပြီး ကိုး ကန့်အုပ်ချုပ်ရေး အဖွဲ့က ဒေသ ဖွံ့ဖြိုးရေး ကို   တောက်လျှောက် ဆောင်ရွက်ပေးနေတဲ့အတွက် တိုးတက်မှုတွေ ဖြစ်ထွန်းပေါ် ပေါက်နေပါတယ်။
►ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသထဲ မှာ နိုင်ငံသားဦးရေ ဘယ်လောက် ရှိလဲ၊ ဘယ်လူမျိုး များလဲ။
ကိုးကန့်ဒေသမှာ စုစုပေါင်း လူဦးရေက တစ်သိန်းလေးသောင်း ကျော် ရှိပါတယ်။ ပိုမို တိတိကျကျ ဖြစ်ဖို့ဆို တာက ပြည်လုံးကျွတ် သန်းခေါင်စာရင်း ထုတ်ပြန်ချိန် ရောက်မှပဲ ပိုပြီးတော့ သေချာပါ လိမ့်မယ်။ လောလော ဆယ်တော့ ဒီလိုမျိုး စာရင်းရှိပါတယ်။ ကိုးကန့် လူမျိုးတွေ များပါတယ်။
►အရင်ခေတ်က ကိုးကန့်စော်ဘွား အမျိုးအနွယ်တွေရော ရှိသေး လား။ သူတို့ရော အုပ်ချုပ်ရေးမှာ ပါသေးလား၊ သြဇာရှိသေးလား။
အရင်စော်ဘွားတွေရဲ့ မျိုး နွယ်တွေက ရန်ကုန်မှာရော၊ လား ရှိုးမှာရော၊ နိုင်ငံခြားမှာရော၊ ကိုး ကန့်ဒေသမှာပါ ရှိနေပါသေး တယ်။ သူတို့ရဲ့ သြ ဇာတွေက တော့ မရှိကြတော့ပါဘူး။
►ရှမ်းပြည်နယ်တွင်းမှာရှိတဲ့ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရဲ့ အုပ်ချုပ်ရေးကို ဘယ်လို အဖွဲ့တွေ က ဆောင်ရွက်နေပါသလဲ။
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေ သကို ဦးစီးအဖွဲ့ဝင် ၁ဝ ဦးရယ်၊ အတွင်းရေးမှူး ၁ ဦးရယ် ဆိုပြီး တော့ အုပ်ချုပ်နေ ပါတယ်။ ဒီ ဒေသမှာ မြို့နယ် ၂ ခုရှိ တယ်။ တစ်မြို့နယ်ကို ပြည်နယ် ကိုယ် စားလှယ် ၂ ဦးစီနဲ့ လေးဦးရယ်၊ တပ်မတော်ဘက်က သုံးဦးရယ်၊ ဗမာတိုင်းရင်းသားကိုယ်စား လှယ် ၁ ဦးရယ်၊ ပလောင်တိုင်း ရင်းသားကိုယ် စားလှယ် ၁ ဦး ရယ်၊ ကိုးကန့်တိုင်းရင်းသား ကိုယ် စားလှယ် ၁ ဦးရယ်ဆိုပြီး  သူတို့ တွေက  ဦးစီးအဖွဲ့ ဝင်တွေ အဖြစ် ပါဝင်နေကြပါတယ်။ အဲဒီထဲက ကိုးကန့်တိုင်းရင်းသားလည်း ဖြစ်၊ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်လည်းဖြစ်တဲ့ ဦးပယ်စောက်ချိန်က ဥက္ကဋ္ဌနေရာ ယူထားပါတယ်။ ကျွန်တော်ကတော့ ဦးစီး အဖွဲ့ဝင် တစ်ဦးဖြစ်ပါတယ်။
►၂ဝဝ၉ ခုနှစ် မတိုင်ခင် ကိုးကန့် အထူးဒေသ ဥက္ကဋ္ဌ ဦးဖုန်ကြားရှင် တို့ နောက်ပိုင်း အုပ်ချုပ်ရေးကို ဘယ်လို ပုံစံ ပြောင်းယူခဲ့သလဲ။
အဲဒီတုန်းကတော့ ယာယီ ဦးစီးကော်မတီ ဆိုပြီးတော့ အဖွဲ့ ဖွဲ့ကာ လုပ်ခဲ့ပါတယ်။ အဲဒီဟာ က ၂ဝ၁၁ မတ်လ ၃၁ ရက်နေ့ မှာပဲ ပျက်ပြယ်သွား ပါပြီ။ လက်ရှိ ကတော့ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေရဲ့ ဖွဲ့စည်းပုံ အတိုင်း သွား နေတာပေါ့။
►ဦးဖုန်ကြားရှင်ရဲ့ သြဇာလွှမ်းမိုးမှု က ဒေသတွင်းမှာ ဘယ်လောက် အထိ ရှိသေးလဲ။
ဦးဖုန်ကြားရှင်ရဲ့ သြဇာအာ ဏာဒေသတွင်းမှာ မရှိတော့ပါဘူး။
►ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကိုးကန့် အဖွဲ့ဝင်အချို့နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်လို့ တပ်မတော်ပိုင်း က တော်တော်လေး ကျသွားခဲ့တယ်။  အဲဒီအပေါ် ဘာပြောချင်ပါလဲ။
ဒီကိစ္စက ကျွန်တော်တို့ ကိုး ကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ထဲမှာ မဟုတ်ဘူး။ သံလွင်မြစ် ဟိုဘက်ခြမ်း က ကေအိုင်အေနဲ့ နီးစပ်တဲ့နေရာ မှာဖြစ်တာ။ ကျွန် တော်တို့နဲ့ မဆိုင်တဲ့အတွက် ဒီ အပေါ် ဘာမျှ မှတ်ချက် မပေးချင်ဘူး။ ကျွန်တော်တို့ဒေသက အေးချမ်းပါတယ်။
►လက်ရှိ ဒေသကို အုပ်ချုပ်နေသူ တွေက ကိုးကန့်တိုင်းရင်းသားတွေ ရဲ့ ရှေ့ရေးအတွက် ဘယ်လို စဉ်း စားပြီး လုပ်နေသလဲ။
အဓိက ကျေးလက်ဒေသ တွေကို ဖွံ့ဖြိုးဖို့အတွက် လမ်း တွေ    အဓိကထား ဖောက်နေပါ တယ်။ အခုဆို လမ်းမကောင်းတဲ့ ဒေသဆိုရင် သိပ်မ ရှိတော့ပါဘူး။ လမ်းတွေ ကောင်းလာပြီ ဆိုရင် စီးပွားရေးတွေဆိုတာ လည်း တိုး တက် လာမှာပါ။ ကိုးကန့်တိုင်းရင်းသားတွေ ဖွံ့ဖြိုးဖို့အတွက် အစီအ စဉ်ကောင်းတွေကို အများ ကြီး ချထားပါတယ်။
►ကိုးကန့် တိုင်းရင်းသားတွေ လို လားချက်က ဘာလဲ။
အဓိက ကတော့ နယ်မြေ တည်ငြိမ်အေးချမ်းဖို့၊ ဒေသဖွံ့ဖြိုး ဖို့ပါပဲ။

ဟုတ်ကဲ့ အခုလိုဖြေပေးတာ ကျေးဇူးတင်ပါတယ်။

Popular Myanmar News Journal

No comments:

Post a Comment

My Blog List