Friday, January 16, 2015

ပြည်ခိုင်ဖြိုးပါတီသည် အားကိုးရာအဖြစ် ပြည်သူကို စည်းရုံးရန် ပါတီဥက္ကဋ္ဌ ဦးရွှေမန်း ညွှန်ကြား


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည်သာ ပြည်သူလူထု၏ အားကိုရာအဖြစ် စည်းရုံးရန် ပါတီဥက္ကဋ္ဌဖြစ် သူနှင့် ပြည်ထောင်စု လွှတ်တော် နာယက ဖြစ်သူ သူရဦးရွှေမန်းက ဇန်နဝါရီ ၁၆ ရက် နေပြည်တော်တွင် ပြုလုပ်သည့် ပါတီဗဟိုကော်မတီ နှစ်ပါလည် မိန့်ခွန်းတွင် ထည့်သွင်း ညွှန်ကြားလိုက်သည်။
ပြည်သူတို့၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးရန် ညွှန်ကြားကာ “ပြည်သူလူထု၏ စိတ်ထဲ အသည်းထဲမှာ ပြည်ခိုင်ဖြိုးပါတီ သည်သာ ယုံကြည်အားထား အားကိုရာ” ဟု ဦးရွှေမန်းက သုံးနှုန်းသွားခဲ့သည်။

နိုဝင်ဘာလအတွင်း ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲသည် လူနှင့်မူ အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် ရွေးကောက်ပွဲဟု ဦးရွှေမန်း က ပြောဆိုကာ ၂၀၁၅ အလွန် နိုင်ငံရေး ဦးဆောင်မှု ဆက်လက်ရရှိရန် “ပါတီ အောင်နိုင်ရေးသည် ပထမ၊ ပါတီ အောင်နိုင်ရေးသည် အဓိက၊ ပါတီအောင်နိုင်ရေးသည် ပဓာန” ထားကာ အင်တိုက်အားတိုက် ဆောင်ရွက်သင့်သည် ဟုလည်း ညွှန်ကြားသည်။

တောင်သူလယ်သမားများ အကျိုးဖြစ်ထွန်းနှင့် တောင်သူလယ်သမားများကို ကူညီပေးကြရန် ဦးရွှေမန်းက သူ၏ ဗဟိုကော် မတီဝင်များကို တိုက်တွန်းခဲ့သေးသည်။။ သို့သော် ပဲခူးတိုင်း နတ်တလင်းမြို့နယ်မှ ကြံ့ခိုင်ရေးပါတီဝင် လယ်သမား ၇၀၀ ကျော်ကမူ ပါတီသည် လယ်သမားတို့အရေး အကူအညီမပေးဟုဆိုကာ နုတ်ထွက်ရန် ပြင်ဆင်နေကြသည်။

၁၉၉၅ ခုနှစ်အတွင်း ပဲခူးတိုင်း နတ်တလင်းမြို့နယ်အတွင်းရှိ လယ်မြေဧက ၄၅၀ ကျော်ကို မြို့နယ်နှင့် ခရိုင်အဆင့် ဌာန ဆိုင်ရာများက သိမ်းယူခဲ့သည့် အတွက် ကြံ့ခိုင်ရေးပါတီဝင်သည် လယ်သမားများဘက်က ရပ်တည်သင့် သည်ဟုလည်း ပါတီဝင်လည်းဖြစ် လယ်သမားခေါင်းဆောင်လည်းဖြစ်သူ ကိုထက်ဇော်လင်းက ဆိုသည်။ “ပါတီက မှန်မှန်ကန်ကန် မရပ်တည်နိုင်ရင် အယုံအကြည် မရှိတော့ဘူး” ဟု မဇ္ဈိမကိုပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List