Friday, January 16, 2015

ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံဝင်းတံခါး ကျောက်ခဲဖြင့် ပစ်ပေါက်သော စိတ်မနှံသူကို ရွာသာကြီးသို့ပို့


ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံအမှတ်(၅၄) ခြံတံခါးကို စိတ်မနှံ့သော လူတစ်ဦးက ကျောက်ခံဖြင့် ပစ်ပေါက်မှု ဖြစ်ပွားရာ တံခါးကျိုးပဲ့သွားပြီး စိတ်မနှံ့သူအား ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့က ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။
ဇန်န၀ါရီ ၁၅ ရက် နေ့လယ် ၂ နာရီအချိန်တွင် ရွာသာကြီးစိတ် ကျန်းမာရေးဆေးရုံ မှ ဆေးလက် မှတ်နှစ်ကြိမ် ရရှိထားသော မရမ်းကုန်းမြို့နေ အသက် (၆၀)နှစ် အရွယ် ဦးအောင်တိုးက ဒေါ်အောင်ဆန်းစုကြည် နေအိမ် ခြံအမှတ်(၅၄) တံခါးကို ခဲဖြင့်ပစ်ပေါက်ခဲ့ ခြင်းဖြစ်သည်။

ခဲဖြင့် ပစ်ပေါက်သော ဦးအောင်တိုးကို ဒေါ်အောင်ဆန်းစုကြည်နေအိမ် လုံခြုံရေး ခေါင်းဆောင်ဦးနီက အမှုဖွင့် အရေးယူဆောင်ရွက်ခြင်း မပြုလုပ် လိုကြောင်း ဗဟန်းမြို့ နယ်ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့သည်ဟု ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့ဒုရဲအုပ်မျိုးဝင်းဦးက ပြောသည်။

‘‘ခဲနဲ့ပစ်ပေါက်လို့ ရှေ့တံခါး မှန်ကွဲသွားပါတယ်။ သူ့ကို စစ် ဆေးတော့ စိတ်ကျန်းမာရေးဆေး ရုံက နှစ်ကြိမ် လက်မှတ်ရထားတဲ့ သူ ဖြစ်တယ်။ ကားမောင်းနေတဲ့ သားနဲ့ ထမင်းချက်နေတဲ့ မိန်းမကိုခေါ်တာမလာလို့ စိတ်တိုပြီး ခဲနဲ့ပေါက်လိုက်တာလို့ ပြောတယ်။ အဲဒါကြောင့် သူ့ကိုရွာသာကြီးကို ပြန်ပို့ဖို့ လုပ်နေပါတယ်’’ ဟု ဒုရဲအုပ်မျိုးဝင်းဦးက ပြောသည်။

‘‘တံခါးကို ပစ်ပေါက်ခံရတာ ဟုတ်ပါတယ်။ စိတ်မနှံ့တဲ့ သူတစ်ယောက်က ပစ်ပေါက်သွားတာပါ’’ ဟု ဒေါ်အောင်ဆန်းစု ကြည်နေအိမ်ခြံအမှတ်(၅၄)မှ လုံ ခြုံရေးတာဝန်ရှိသူတစ်ဦးက ပြော သည်။

ခဲဖြင့် ပစ်ပေါက်မှုကြောင့် သစ်သားဖြင့် ပြုလုပ်ထားသော တံခါး၏ အနံ ၅ လက်မ၊ အလျား ၉ လက်မ ခန့် ပေါက်ပြဲပျက်စီးသွားခဲ့သည်။

ခဲဖြင့်ပစ်ပေါက်ခံရ၍ ကျိုးပဲ့သွားသော တံခါးပေါက်တစ်နေရာ (ဓာတ်ပုံ − ကျော်ဇင်သန်း)
7Day Daily

No comments:

Post a Comment

My Blog List