Tuesday, January 13, 2015

မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ ပထမဆုံးအကြိမ်တွေ့ဆုံ


မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်သည့် မွန်ပြည်သစ်ပါတီ အဖွဲ့နှင့် မွန်ပြည်နယ် အစိုးရအဖွဲ့တို့ ပထမဆုံး အကြိမ် အဖြစ် ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းခန့်က မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံခဲ့ကြသည်။ မွန်ပြည်နယ် ဝန်ကြီးချုပ်၏ ကမ်းလှမ်းမှုဖြင့် မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်းသာ ဖြစ်ပြီး အခြားအကြောင်းအရာများ ထူး ထူးခြားခြား ဆွေးနွေးမှုမရှိခဲ့ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ ဌာနတာဝန်ခံ နိုင်ဝင်းလှက ဆိုသည်။
“မိတ်ဆက်ပေးတဲ့ သဘောပါ။ ဘာလို့လဲဆိုတော့ ဝန်ကြီးချုပ်က ဒုဥက္ကဋ္ဌနဲ့ တွေ့ချင်တယ်ဆိုပြီး ပြောထားတာ ရှိတယ်။ အခု ကျွန်တော်တို့ ဒုဥက္ကဋ္ဌလည်း ရောက်နေတော့ တွေ့ဖြစ်တယ်” ဟု နိုင်ဝင်းလှက ဆိုသည်။

တွေ့ဆုံမှုတွင် မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာ၊ ဗဟိုကော်မတီဝင် နိုင်ဟံသာဗွန်ခိုင်၊ ပြည်တွင်းရေးရာ ဌာနတာဝန် ခံ နိုင်ဝင်းလှတို့ အဖွဲ့နှင့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ မွန်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့ ပါဝင်သည်။

မွန်ပြည်နယ်အစိုးရ အနေနှင့် မွန်ပြည်သစ်ပါတီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီး နောက်ပိုင်း မွန်ပြည် သစ်ပါတီ ဥက္ကဋ္ဌ အပါအဝင် မွန်ပြည်သစ်ပါတီ အဖွဲ့ဝင်တို့နှင့် မကြာခဏ တွေ့ဆုံလေ့ ရှိသော်လည်း ဒုဥက္ကဋ္ဌဖြစ်သူ နိုင်ဟံ သာနှင့် တွေ့ဆုံမှု မရှိသေးသည့်အတွက် တွေ့ဆုံခြင်း ဖြစ်သည်ဟု ဝန်ကြီးချုပ် ဦးအုန်းမြင့်က ပြောကြားသည်။

လက်ရှိတွင် မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်ပြီး လက်ရှိ နိုင်ငံရေးအခြေအနေ၊ ပါတီ၏ လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး မွန်ပြည်သူလူထုတွေကြား စည်းရုံးရေးခရီးစဉ်များ လုပ်ဆောင်လျက်ရှိသည်။

မွန်ပြည်သစ်ပါတီသည် ပထမဆုံးအကြိမ် အဖြစ် ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ အပစ်အခတ်ရပ် စဲရေး သဘောတူညီချက်စာချုပ် ချုပ်ဆိုနိုင်ခဲ့သော်လည်း ၂၀၁၀ ခုနှစ် ဧပြီလခန့်တွင် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွား ခဲ့သည်။

ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရေး သဘောတူမှုကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ခေါင်းဆောငများနှင့် အစိုးရသစ် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့နှင့် တွေ့ဆုံခဲ့ပြီး အပစ်ခတ်ရပ်စဲရေး အတွက် သဘောတူညီခဲ့ကြသည်။

(Dawei Watch)
The Voice Weekly

No comments:

Post a Comment

My Blog List