Friday, January 16, 2015

အကြမ်းဖက်သမားများကို စစ်ရေးအရှိန်မြှင့်မည်ဟု ယူကရိန်းသမ္မတပြော


လူ ၁၁ ဦး သေဆုံးခဲ့ရတဲ့ ယူကရိန်းနိုင်ငံအရှေ့ပိုင်း ခရီးသည်တင်လိုင်းကားတစီး ကို အမြောက်နဲ့ ပစ်ခတ်မှု အပေါ် သမ္မတ ပိုရိုရှန်ကိုက ရှုတ်ချလိုက်ပြီး အကြမ်းဖက်သမားတွေကို စစ်ဆင် ရေး အရှိန်မြှင့်သွားမယ် လို့ ပြောပါတယ်။
ဒေသစက်မှုမြို့တော် ဒွန်ညက်ရဲ့ တောင်ပိုင်းက ဘော်နိုဗာခါမြို့ငယ်အနီးမှာ ဇန်န၀ါရီ ၁၃ ရက်နေ့က ခရီးသည်တင် လိုင်းကားကို တိုက်ခိုက်တဲ့အဖွဲ့ဟာ ခွဲထွက်ရေးအုပ်စုတွေ ဖြစ်ပြီး သူတို့ကို လက်နက်ထောက်ပံ့ ထောက်ခံသူတွေ၊ သင်တန်းပေးနေသူတွေမှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။

ခွဲထွက်ရေးခေါင်းဆောင်တွေကတော့ သူတို့ လက်ချက်မဟုတ်ဘူးလို့ ပြော ပါတယ်။ ဇန်န၀ါရီ ၁၂ ရက်နေ့ တုန်းက ရုရှား၊ ယူကရိန်း၊ ပြင်သစ်နဲ့ ဂျာမနီတို့ ပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ သိသာတဲ့ တိုးတက်မှု မရခဲ့တဲ့နောက် အခု တိုက်ခိုက်မှု ပေါ်ပေါက်တာပါ။

ဒီဒေသမှာ ခွဲထွက်ရေးသူပုန်တွေနဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲဖြစ်နေတာ ၉ လ ရှိပါပြီ။ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်ဟာ ယူကရိန်းအရှေ့ပိုင်းဒေသတွေ ကို သိမ်းပိုက်ထားပါတယ်။

ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိဖို့ ထောက်ခံဆဲ ဖြစ်ပေမယ့် အကြမ်းဖက် သမားရန်ကို ကာကွယ်သွားရ မယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။

ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကတော့ သက်ဆိုင်သူတွေ အားလုံး ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့ တိုက်တွန်းထားပါတယ်။

မနှစ်ဧပြီလမှာ စတင်ဖြစ်ပွားတဲ့ ယူကရိန်းပြည်တွင်းစစ်ဟာ လူပေါင်း ၄၇၀၀ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ကရိုင်းမီးယားဒေသကို ရုရှားက ကျူးကျော်ခဲ့တဲ့နောက်ပိုင်း ယူကရိန်းအရှေ့ပိုင်း က ရုရှား လိုလားတဲ့ ခွဲထွက်ရေး လှုပ်ရှားမှုတွေ အရှိန်မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List