Thursday, January 15, 2015

၁၄ နှစ်အတွင်း ပထမဆုံးအကြိမ် လူမျိုးစုများ ပြန်လည်ဦးစီးကျင်းပခွင့်ရ နာဂနှစ်သစ်ကူးပွဲတော် ယနေ့စတင်

အစိုးရ၏ အစီအစဉ်များဖြင့်သာ လုပ်ခွင့်ရခဲ့သည့် နာဂမျိုး နွယ်စုအားလုံး၏ ရိုးရာနှစ်သစ်ကူးပွဲ ဘုံပွဲတော်ကို ယခုနှစ်တွင် နာဂ ရိုးရာယဉ်ကျေးမှု ကော်မတီက ပြန်လည် ဦးစီးကျင်းပခွင့်ရခဲ့ ကြောင်း သတင်းရရှိသည်။ ၁၄ နှစ်တာ ကာလအတွင်း နာဂရိုးရာ ယဉ်ကျေးမှုကော်မတီက ပြန်လည်ဦးစီးကျင်းပခွင့်ရခဲ့ သည့် အဆိုပါ ရိုးရာနှစ်သစ်ကူး ဘုံပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ဇန်န၀ါရီ ၁၄ ရက်မှ စတင်ကျင်းပခဲ့ သည်။
တစ်ချိန်တည်းတွင် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့နယ်တစ်ခုဖြစ်သည့် လေရှီးမြို့ တွင်လည်း နိုင် ငံတော်အဆင့် နာဂရိုးရာ နှစ်သစ်ကူးဘုံပွဲတော် ကို ဇန်န၀ါရီ ၁၄ ရက်မှ စတင် ကျင်းပခဲ့သောကြောင့် (၂၅) နှစ် တာကာလအတွင်း နာဂမျိုးနွယ်စု များ၏ အကြီးကျယ်ဆုံး နှစ်သစ်ကူးပွဲတော် နှစ်ခုကို တစ်ပြိုင် တည်း လုပ်ခဲ့ကြခြင်းလည်းဖြစ်သည်။

၁၉၉၀ ပြည့်မှစတင်ကာ နှစ်စဉ် ဇန်န၀ါရီ ၁၄ ရက်မှ စတင်ပြီး သုံးရက်ကြာ ကျင်းပလေ့ရှိသည့် နာဂရိုးရာ နှစ် သစ်ကူးပွဲတော်ကို ၂၀၀၁ ခုနှစ်အထိ ရိုးရာယဉ်ကျေး မှုကော်မတီက ဦးစီးကျင်းပခဲ့ သော်လည်း ယင်းနောက် ပိုင်းတွင် ရိုးရာ ယဉ်ကျေးမှု ကော်မတီက တင်းပြည့်ကျပ်ပြည့် ဦးစီးခွင့်မရခဲ့ဘဲ အစိုးရအစီအစဉ်များဖြင့်သာ ကျင်းပခွင့်ပြုခဲ့ကြောင်း ခန္တီးမြို့တွင် ကျင်းပသည့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဆပ် ကော်မတီ အတွင်းရေး မှူး ဦးရူ မောင်က ပြောသည်။

‘‘တပ်မတော်အစိုးရ လက် ထက်မှာတော့ သူတို့ကပဲ စီမံခန့်ခွဲ ပြီးတော့ လုပ်ခဲ့တဲ့ ကာလတစ် လျှောက်ရှိခဲ့ တယ်။ အဲဒီနေရာမှာ တော့ နာဂပြည်သူတွေ ၀င်ပါတဲ့ နေရာကျတော့ ကျွန်တော်တို့က သူတို့ရဲ့ စီမံချက်မှာ ကျွန်တော်တို့ က သွားကပြရတဲ့ အနေအထား မျိုးဖြစ်တယ်’’ ဟု ဦးရူမောင်က ပြောသည်။

နာဂရိုးရာ နှစ်သစ်ကူးပွဲ တော်များအား အစိုးရအစီအစဉ် ဖြင့် နိုင်ငံတော်အဆင့် ကျင်းပ ပေးခဲ့သည်ကို အသိအမှတ်ပြု သော်လည်း ၎င်းတို့ လူမျိုးများ၏ ပွဲတော်ကို နာဂလူမျိုးများသာ ဦး စီးခွင့်ရလိုကြောင်းလည်း ၎င်းက ပြောသည်။

‘‘နိုင်ငံတော်က စီမံခန့်ခွဲ တယ်ဆိုတာ အစီအစဉ်တွေကအ စ ဘယ်အချိန်မှာ လူတွေဝင်မယ်။ ကွင်းဖွင့်ပွဲပါ အကုန်လုံး ဘယ်အ က၀င်မယ်။ ဘယ်လိုထိုင်မယ်။ အဲဒါတွေအားလုံးကို သူတို့ပဲ စီမံ ခန့်ခွဲတဲ့ အခြေအနေ မျိုးဖြစ်တဲ့အ ခါကျတော့ တော်တော်လေး အ ခက်အခဲရှိခဲ့တဲ့ အပိုင်းတွေလည်း ရှိခဲ့မယ်ထင်တယ်’’ ဟု ဦးရူမောင် က ပြောသည်။

နာဂလူမျိုးများ၏ ၁၂ လရာ သီပွဲတော်များအနက် အကြီး ကျယ်ဆုံးပွဲတော်ဖြစ်သည့် နှစ် သစ်ကူးပွဲတော်ကို ယခင်က တစ်နယ်နှင့်တစ်နယ် ဒေသအလိုက် ကျင်းပခဲ့သော်လည်း ၁၉၉၀ နာဂ ရိုးရာယဉ်ကျေးမှု ဗဟိုကော် မတီ စတင်ဖွဲ့စည်းပြီးနောက် နှစ်စဉ် ဇန်န၀ါရီ ၁၅ ရက်ကို နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်နေ့အဖြစ် သတ်မှတ် ခဲ့ကြခြင်းဖြစ်သည်။

နာဂရိုးရာယဉ်ကျေးမှုကော်မတီက ပြန်လည်ဦးစီးကျင်းပခွင့်ရသော နာဂရိုးရာ နှစ်သစ်ကူုးပွဲတော်ဖွင့်ပွဲကို ခန္တီးမြို့တွင် ဇန်နဝါရီ ၁၃ ရက်က ကျင်းပစဉ် (ဓာတ်ပုံ − ထွန်းအောင်)
7Day Daily

No comments:

Post a Comment

My Blog List