Wednesday, January 14, 2015

အဘိုးဖြစ်သူကိုမီးထဲမှကယ်တင်ခဲ့သောခြောက်နှစ်အရွယ်ကလေးငယ်


တရုတ်နိုင်ငံဟေလုံကျန်ပြည်နယ်“ဟာရာပင်း”တွင်အသက်၆နှစ်အရွယ်ကလေးငယ်တစ်ဦးသည်အဘိုးဖြစ်
သူကိုမီးလောင်နေတဲ့အိမ်ထဲမှကယ်တင်ခဲ့ပါသည်။အိမ်မီးလောင်နေတာကိုမြင်လိုက်တဲ့၆နှစ်အရွယ်ကလေး
ငယ်သည်အဘိုးဖြစ်သူကိုမီးတွေထဲကနေကယ်တင်ဖို့ကြိုးစားခဲ့ပါသည်။


အဘိုးဖြစ်သူသည်လမ်းကောင်းကောင်းမလျှောက်နိုင်ပါဘူး။ကလေးငယ်အနေနဲ့အဘိုးဖြစ်သူကိုအပြင်ရောက် လာနိုင်အောင်ကယ်တင်ဖို့အတွက်ငယ်လွန်နေတဲ့အတွက်အဘိုးသည်မြေးဖြစ်သူကို အပြင်ဘက်ကို တွန်း ထုတ်ခဲ့ပါသည်။ ဒါပေမဲ့ကလေးငယ်၏ခန္ဓာကိုယ်သည်၂၅%လောက်မီးလောင်ခံလိုက်ရပါသည်။

အဘိုးဖြစ်သူကိုမီးထဲကကယ်တင်နိုင်ခဲ့ပေမဲ့အသက်ကိုတော့မကယ်တင်နိုင်ခဲ့ပါဘူး။ဆွေမျိုးတွေနဲ့သူငယ်ချင်းတွေ ကတော့ကလေးငယ်ရှေ့မှာမငိုကြပါဘူး။ကလေးငယ်သည်ဒဏ်ရာတွေကိုကုသနေစဉ်မှာနာကျင်နေပေမဲ့မျက်ရည်မကျမိဖို့အတွက်ကြိုးစားခဲ့ပါသည်။“အဘိုးကပြောထားတယ်၊ယောက်ကျားလေးဆိုတာ မျက်ရည်မကျရဘူးတဲ့။ မငိုရဘူးတဲ့။ ကျွန်တော်နာလည်းမငိုဘူး။ ဦးလေးတို့လဲလူကြီးတွေဖြစ်နေပြီမငိုရဘူး။”

သူပြောတဲ့စကားတွေကြောင့်လူကြီးတွေသည်သူ့ရှေ့မှာအသံလေးတောင်မထွက်ခဲ့ကြပါဘူး။ကလေးငယ်သည် တစ်နှစ်သားအရွယ်မှာပင်မိဘတွေသည်သူ့ကိုစွန့်ပစ်သွားခဲ့ပါတယ်။သူသည်အဘိုးဖြစ်သူနဲ့ပဲကြီးပြင်းလာခဲ့
ရတာပါ။ကလေးငယ်ပိုပြီးတော့စိတ်မကောင်းဖြစ်မှာကိုစိုးရိမ်တဲ့အတွက်သူ့အဘိုးသေဆုံးသွားတဲ့အကြောင်းကိုတော့ကလေးငယ်ကိုမပြောပြကြပါဘူး။
“ဦးလေးတွေအဒေါ်တွေကကျွန်တော်ကိုပိုက်ဆံတွေပေးကြတယ်။

ပိုက်ဆံ ၅သောင်းလောက် ကျွန်တော်မှာရှိတယ်။အဘိုးကိုတော့ပိုက်ဆံ ၅သောင်း နဲ့ ကယ်တင်နိုင်မှာ ပါနော်။”ခြောက်နှစ်အရွယ်ကလေးငယ်တစ်ဦးရဲ့အဘိုးပေါ်မှာထားတဲ့မျှော်လင့်ချက်လေးပါ။

သက်(ref:kwongwah)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List