Thursday, January 15, 2015

Air Asia QZ 8501 လေယာဉ်၏ ကိုယ်ထည်ပိုင်း ရှာဖွေတွေ့ရှိ


ဂျာဗားပင်လယ်အတွင်း ပျက်ကျခဲ့သည့် Air Asia QZ 8501 လေယာဉ်၏ အဓိက ကိုယ်ထည်ပိုင်းကို ရှာဖွေရေး တပ်ဖွဲ့ဝင်များက ရှာတွေ့ထားပြီဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။ ခရီးသည်များ၏ ရုပ်အလောင်း အများစု ရှိနေလိမ့်မည်ဟု ယူဆရသည့် လေယာဉ် ကိုယ်ထည်ပိုင်းကို ရှာဖွေရေးလုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်နေသည့် စင်ကာပူ ရေတပ်သင်္ဘော တစ်စင်းက ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ Air Asia QZ 8501 လေယာဉ်၏ အဓိက အစိတ်အပိုင်းကို တွေ့ရှိခဲ့ခြင်းက ခရီးသည်များ၏ ကျန်ရစ်သူ ဆွေမျိုးများအတွက် တစ်နည်းတစ်လမ်းအားဖြင့်စိတ်ပိုင်းဖြတ်စရာတစ်ခု ဖြစ်လိမ့်မည်ဟု မျှော် လင့်ကြောင်း စင်ကာပူ ကာကွယ်ရေးဝန်ကြီး ဝမ်ယန်ဟွမ်က ပြောကြားသည်။

“Air Asia လေယာဉ်ရဲ့ ကိုယ်ထည်ပိုင်းကို ဂျာဗားပင်လယ်မှာ စင်ကာပူ ရေတပ်သင်္ဘော တစ်စီးက တွေ့ရှိခဲ့ တယ်လို့ ရေတပ်ဦးစီးချုပ် လီချွန်ဟန်က ကျွန်တော့်ကို အကြောင်းကြားသွားပါတယ်” ဟု ၎င်းက ပြောကြား သည်။

အဝေးထိန်း ရေယာဉ်တစ်စီးမှ ပေးပို့သည့် ဓာတ်ပုံများထဲတွင် လေယာဉ်ကိုယ်ထည်ပေါ်ရှိ စာသား များနှင့် တောင်ပံတစ်ဖက်၏ အစိတ်အပိုင်းအချို့ကို တွေ့မြင်ရကြောင်းနှင့် တွေ့ရှိမှုကို အင်ဒိုနီးရှား ရှာဖွေရေးတပ်ဖွဲ့ထံ အကြောင်းကြားထားကြောင်း မစ္စတာ ဝမ်ယန်ဟွမ်က ပြောကြားသည်။

လက်ရှိအချိန်တွင် အင်ဒိုနီးရှား အာဏာပိုင်များက ထိုလေယာဉ်ကိုယ်ထည်ကို ဆယ်ယူရန် ပြင်ဆင်နေပြီ ဖြစ် သည်။

ယခုကဲ့သို့ လေယာဉ်ကိုယ်ထည် ရှာဖွေတွေ့ရှိခဲ့ခြင်းအတွက် ရှာဖွေရေးလုပ်ငန်းများတွင် ပူးပေါင်းလုပ်ဆောင် လျက်ရှိသော စင်ကာပူ တပ်သားများကို အထူးကျေးဇူးတင်သည်ဟုလည်း မစ္စတာ ဝမ်ယန်ဟွမ်က ပြောကြား ခဲ့သေးသည်။

စင်ကာပူ တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သော ရက်ပိုင်းအတွင်းက လေယာဉ်ပျံသန်းမှုမှတ်တမ်းတင်စက်နှင့် လေ ယာဉ်မှူးခန်း အသံဖမ်းစက်တို့ကို ရှာဖွေတွေ့ရှိခဲ့သည့် ရှာဖွေရေး လုပ်ငန်းများတွင်လည်း ပူးပေါင်းပါဝင်ခဲ့ သည်။

Air Asia လေကြောင်းလိုင်းပိုင် Airbus A320-200 အမျိုးအစား လေယာဉ်သည် ဒီဇင်ဘာလ ၂၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမှ စင်ကာပူသို့ ပျံသန်းစဉ် ဆိုးရွားသော ရာသီဥတုနှင့် ရင်ဆိုင်ရ ပြီးနောက် မြေပြင်စခန်းနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကာ ပျက်ကျသွားပြီး နောက်ပိုင်းတွင် ၎င်း၏ အစိတ်အပိုင်းများကို ဂျာဗားပင်လယ်ပြင်၌ ရှာဖွေတွေ့ရှိခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List