Tuesday, January 13, 2015

ကျောင်းသားများ အခက်အခဲကို စာရင်းကောက်ပြီး ပါချုပ်ထံ တင်ပြမည်


နည်းပညာ ကျောင်းသားများ အခက်အခဲကို စာရင်းကောက်ယူပြီး ပါမောက္ခချုပ်ထံ တစ်ပတ်အတွင်း တင်ပြပေးသွားမည်ဟု ဇန်န၀ါရီ ၁၂ရက်က အသစ်ပြန် လည်ဖွဲ့စည်းလိုက်သည့် နည်းပညာတက္ကသိုလ် (မန္တလေး)  ကျောင်းသားသမဂ္ဂ ယာယီ ဥက္ကဋ္ဌ ကိုကောင်းဇော်ဟိန်းက ပြောကြားသည်။
နည်းပညာတက္ကသိုလ် (မန္တလေး) ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းခြင်း အတွက် အသိပေးသည့် အခမ်း အနားကို ဇန်န၀ါရီ ၁၂ ရက်တွင် မန္တလေးမြို့၊ ၈၈ ကဖေးတွင် ပြုလုပ်ခဲ့ရာ၌ အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

“အခုကျွန်တော်တို့ ကျောင်းမှာ ဖြစ်နေတာတွေက ကျောင်းချိန်အပြင်ထွက်မယ်ဆိုရင် ဖမ်းမယ်ဆိုတဲ့ကိစ္စ၊ သင်ထောက်ကူ ပစ္စည်းတွေ မလုံလောက်တဲ့ကိစ္စ၊ ကျောင်းအပြောင်းအရွှေ့ ကိစ္စတွေက လက်ရှိကြုံတွေ့ နေ ရတာတွေပါ။ ဒါတွေကို ဒီတစ်ပတ်အတွင်း ကျောင်းသားတွေရဲ့ သဘောထားတွေယူမယ်။ ရပြီဆိုရင် ပါချုပ်ထံ တင်ပြသွားမယ်” ဟု ၎င်းက ပြောသည်။
ကျောင်းသားရေးရာကိစ္စရပ်များကို လုပ်ဆောင်နိုင်ရန် နည်းပညာတက္ကသိုလ်(မန္တလေး) ကျောင်းသား သမဂ္ဂကို ပြန်လည်ဖွဲ့စည်းခဲ့ ရခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ယာယီဒု-ဥက္ကဋ္ဌ ကိုဇေယျာလင်းက “ကျောင်းထဲမှာ လိုအပ်ချက်တွေ အများကြီး ရှိတယ်။ ဆိုင်ကယ်စတန့် ကိစ္စတွေ၊ အမျိုးသားပညာရေး ဥပဒေကို မကြိုက်တဲ့ ကိစ္စတွေ ရှိတယ်။ မကြိုက်ကြပေမယ့် ဘယ်သူမှ မပြော ရဲကြဘူး။ ဒါကြောင့် ကျွန်တော်တို့က သမဂ္ဂဖွဲ့ပြီး ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေ၊ နစ်နာချက်တွေ ကို တောင်းဆိုသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

နည်းပညာတက္ကသိုလ် (မန္တလေး) ကျောင်းသားသမဂ္ဂသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ချမှတ်ထားသည့် ငြိမ်းချမ်းရေး၊ ဒီမိုကရေ စီရေး၊ အမျိုးသားနိုင်ငံရေး (သို့မဟုတ်) စစ်အစိုးရ ဆန့်ကျင်ရေး၊ ဒီမိုကရေစီ ပညာရေး၊ ကျောင်းသားထု အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး စသည့် တို့ကို ဆောင်ရွက်သွားမည် ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List