Wednesday, January 14, 2015

ခြောက်ပွင့်ဆိုင်အဆို ရုပ်သိမ်းသွားမည် မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ပြော


ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက် အစည်းအဝေးက အရေးကြီး အဆိုအဖြစ် အတည်ပြုခဲ့သည့် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးတို့အတွက် ခြောက်ပွင့်ဆိုင်တွေ့ ဆုံရန် အစိုးရကို တိုက်တွန်းကြောင်း အဆိုအား ပြန်လည်ရုပ်သိမ်းမည်မဟုတ်ဟု ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက တိုင်းရင်းသား ရေးရာဝန်ကြီးများနှင့် ဇန်နဝါရီ ၁၃ ရက် နံနက် တွေ့ဆုံအပြီးတွင် မီဒီယာကို ပြောကြားခဲ့သည်။
“ဒို့ကတော့ နှစ်ပွင့်လည်းရတယ်၊ သုံးပွင့်လည်းရတယ်၊ လေးပွင့်လည်းရ တယ်၊ ခြောက်ပွင့်လည်းရတယ်၊ ၁၂ ပွင့်လည်းရတယ်၊ အရေးကြီးတာက အလုပ်ဖြစ်ဖို့ပဲ။ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထား တဲ့ ခြောက်ပွင့်ဆိုင် အဆိုကိုတော့ ပြန်ရုပ်သိမ်းစရာမရှိပါဘူး။ ဆုံးဖြတ်ပြီးသားကိစ္စပါ”ဟု ၎င်းက အတည်ပြု ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်နှင့်အညီ ခြောက်ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးရေးဖြစ်မြောက် ရန် ပြည်ထောင်စု အစိုးရက ယခုအထိဆောင်ရွက်မှု မရှိကြောင်း ဇန်န၀ါရီ ၁၂ ရက်က ပြုလုပ်ခဲ့သည့် သမ္မတ ၏ ၄၈ ဦး ဆွေးနွေး ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းဆွေးနွေးခဲ့သည်ဟုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဇန်န၀ါရီ ၁၃ ရက် ထုတ်ပြန်ကြေညာချက် တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်ဆွေးနွေးကြရန် အစဦးဆုံး တောင်းဆို ခဲ့သော်လည်း အစိုးရအဖွဲ့ သည် ၁၄ ဦး ပါသော ငါးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ပွဲ ပြုလုပ်ခဲ့ပြီး ပြည်ထောင်စု လွှတ်တော်က ခြောက်ပွင့် ဆိုင်တွေ့ရေး တောင်း ဆိုသည့်အခါ အစိုးရအဖွဲ့ဝင် ၀န်ကြီးများပါဝင်သည့် တိုင်းဒေသကြီးလွှတ်တော် က ၁၂ ပွင့်ဆိုင် တွေ့သင့်ကြောင်း ၀င်ရောက်တောင်းဆို လာပြန်သည်။ ထိုအခါ အစိုးရအဖွဲ့သည် ၄၈ ဦး ပါ ဆွေးနွေးပွဲတစ်ခု စီစဉ်ခဲ့သည်။

ထို့အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ကိုယ်စားလှယ်များလည်း ပါဝင်ဆွေးနွေးသင့်သည်ဟု အကြံ ပြုလာကြောင်း ၄၈ ဦးတွေ့ဆုံပွဲ အကြောင်း ပြန်ကြားရေးဝန်ကြီးက ရှင်းပြရာတွင် ထည့်သွင်းပြော ကြား ခဲ့သည်။

ထို့ကြောင့် နောက်ထပ်တွေ့ဆုံပွဲများတွင် ပါဝင်သူဦးရေ ထပ်တိုးလာမည်လားဟု နိုင်ငံရေးလေ့လာသူတို့က သုံးသပ်ပြောဆိုနေကြသည်။

“အန်တီတို့ရည်ရွယ်တဲ့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲမျိုးနဲ့ ၄၈ ဦး ဆွေးနွေးပွဲက မတူဘူး။ အန်တီတို့ ခြောက် ပွင့်ဆိုင်ကို ရှောင်ဖို့အတွက် လုပ်တာမျိုးလည်း မဖြစ်သင့်ဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ ၁၂ ရက်က ဆွေးနွေး ပွဲအပြီးတွင် မီဒီယာ ကို ပြောခဲ့သည်။ 

ဇန်န၀ါရီ ၁၃ ရက်က ထုတ်ပြန်သည့် NLD သ ဘောထားကြေညာချက်တွင်လည်း “ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အမျိုးသားပြန် လည်စည်းရုံးရေး ဆွေးနွေးပွဲ များကို တစ်ပြိုင်တည်း ဆောင်ရွက်သင့်သည်၊ ငြိမ်းချမ်းရေးဖြစ် စဉ်ကို အကြောင်းပြပြီး အမျိုးသားပြန်လည် စည်းရုံးရေးဆွေးနွေးပွဲများကို ဥပမာ ခြောက်ပွင့်ဆိုင် ဆွေးနွေး ပွဲကို ရှောင်ရှားခြင်းမျိုး မဖြစ်သင့်ပါ” ဟု လည်း အစိုးရအဖွဲ့ကို ဝေဖန်ထောက်ပြထားသည်။

ထို့အပြင် ၄၈ ဦး ဆွေးနွေးပွဲသည် ယေဘုယျဆန်လွန်းပြီး အနှစ်သာရရှိ သည့် ဆွေးနွေးပွဲဟု သတ်မှတ်၍ မရကြောင်းလည်းဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List