Wednesday, January 14, 2015

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ရပ်တန့်နေခြင်း အဓိကအကြောင်းရင်းသုံးခုကို ဒေါ်အောင်ဆန်းစုကြည် က ထိပ်သီးဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့

ပြုပြင်ပြောင်းလဲလိုသော ဆန္ဒအားနည်းခြင်း၊ ဗဟိုချုပ်ကိုင် မှုဆက်လက်ကျင့် သုံးနေခြင်းနှင့် လွှတ်တော်နှင့် ပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်းတို့ကြောင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများရပ်တန့်နေခြင်းဖြစ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က နိုင်ငံရေး တွေ့ဆုံပွဲတွင် သုံးသပ်ဆွေးနွေးခဲ့သည်ဟု ဇန်န၀ါရီ ၁၃ ရက်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာသည်။
ပထမခေါင်းစဉ်ဖြစ်သည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး နှင့် ပြုပြင်ပြောင်း လဲမှုဆက်လက် ဖြစ်ထွန်းရေး အကြောင်းအရာ တွင် အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ပြည် ထောင်စုအစိုးရက ဆန္ဒထက် သန် မှုမရှိခြင်း၊ တောင်သူလယ်သမားများ ရေရှည်အကျိုးဖြစ်စေမည့် ဆောင်ရွက်မှုအားနည်းခြင်း၊ အဂတိ လိုက်စားမှုမထိန်းချုပ်နိုင်ခြင်း၊ တရားစီရင်ရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က၀င်ရောက်စွက်ဖက်ခြင်း ၊ ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးဖြစ်မြောက်စေရန် အစိုးရက ယခုထိဆောင်ရွက်မှု မရှိခြင်း တို့ကြောင့် ပြုပြင်ပြောင်း လဲမှုရပ်တန့်နေသည်ဟု ဒေါ် အောင်ဆန်းစုကြည်က သုံးသပ် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြသည်။

အစိုးရက ဆွေးနွေးရန် သတ်မှတ်ပေးထားသည့် ခေါင်းစဉ်သုံးခုအပေါ်တွင် စုစုပေါင်း အချက်၁၅ချက်ဖြင့် ပြန်လည်သုံးသပ်ခဲ့ ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲအပေါ် ပြန် လည်တုံ့ပြန်ဆွေးနွေး မှုကိုမူ မပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲများကို တစ်ပြိုင် နက်တည်းစတင်ရန် လိုအပ်ပြီး နိုင်ငံရေးအနှစ် သာရရှိပြီး အဓိပ္ပာယ်ပြည့်ဝသည့် တွေ့ဆုံဆွေးနွေး ပွဲများ အမြန်ဆုံးစတင်၍ စဉ်ဆက်မပြတ်ဆောင်ရွက် သင့်သည်ဟု ဒေါ်အောင် ဆန်းစုကြည်က ဆွေးနွေးခဲ့သည်။

ဇန်န၀ါရီ ၁၂ ရက်တွင် ၄၈ ဦး တွေ့ဆုံပွဲကိုမူ အနှစ်သာရရှိသော တွေ့ ဆုံဆွေးနွေးပွဲဟု သတ်မှတ် ရန် ခက်ခဲကြောင်း အစည်းအဝေး၌ပင် ဒေါ်အောင် ဆန်းစုကြည်ကပြောကြားခဲ့သည်ဟု သိရသည်။

နောက်ဆုံးခေါင်းစဉ်ဖြစ် သည့် လွတ်လပ်၍ တရားမျှတ သော အထွေထွေရွေးကောက်ပွဲ ကို အောင်မြင်စွာ ကျင်းပနိုင်ရန် အတွက်မူ အခြေခံဥပဒေကို ပြည် သူများ၏ ဆန္ဒနှင့်အညီ ပြုပြင်ရန် အရေးကြီးဆုံးလိုအပ် ချက်ဖြစ်ပြီး ရွေးကောက်ပွဲတရားမျှတရေးအတွက် နိုင်ငံတော်အစိုးရက ဘက်လိုက်မှုကင်းရန်လိုအပ်သည်။

ထို့အပြင် အုပ်ချုပ်ရေးအာ ဏာပိုင်များက နိုင်ငံရေးပါတီများ ကို ခွဲခြား၍ ဘက်လိုက်ဆောင် ရွက်ခြင်းများ ရပ်တန့်ရန်လိုအပ် သည်ဟု ဒေါ်အောင် ဆန်းစုကြည် ကဆွေးနွေးခဲ့သည်။

၂၀၁၄ အောက်တိုဘာ ၃၁ ရက်က ကျင်းပခဲ့သော ပထမအကြိမ် ၁၄ ဦးတွေ့ဆုံမှုတွင်ဆွေးနွေးချိန် ၂ နာရီ ခန့်ကြာခဲ့သော်လည်း ၎င်းတွင် ပါတီ၏ဆွေးနွေးခွင့်အပြည့် အ၀မရှိဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်က ၀င်ရောက်ဆွေးနွေးခြင်းမရှိခဲ့ပေ။

ခုနစ်နာရီကြာမြင့်ခဲ့သော ဒုတိယအကြိမ်ဆွေးနွေးပွဲတွင် လည်း နိုင်ငံရေးအရ မည်သည့် သဘောတူညီချက် ကိုမှ မရရှိခဲ့ဘဲ တွေ့ဆုံပွဲများကို အခြေအနေနှင့် အချိန်အခါပေါ်မူတည်၍ ပြုလုပ် သွားမည်ဟုသာ အစိုးရက ထုတ် ပြန်ခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List