Saturday, January 17, 2015

သမ္မတ ဦးသိန်းစိန် ရဲ့ ပြည်ထောင်စုနေ့မှာ အပစ်ရပ်ရေးအိပ်မက် ဘာဆက်ဖြစ်မလဲ


ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် ၆၈ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပရန် နီးကပ်လာ ပြီဖြစ်သည်။ ယခုနှစ် ပြည်ထောင်စုနေ့၏ ထူးခြားမှုသည် နှစ်ပေါင်း ၆ဝကျော်ဖြစ် ပွားခဲ့ သည့် ပြည်တွင်း စစ်ပွဲများကို ရပ် တန့်စေမည့် အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ် ဆိုရန် သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များကို ကမ်းလှမ်းထားသည်။
ပြည်ထောင်စုနေ့တွင်ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲရေးအတွက် အဓိပ္ပာယ်ရှိရှိ ကမ်းလှမ်းချက်ပင်ဖြစ်သည်။ သို့သော်ရက်ပိုင်း အတွင်း၌ ကချင်လွတ်လပ်ရေး တပ်ဖွဲ့ KIO နှင့် အစိုးရတပ်ဖွဲ့တို့၏ တင်းမာမှုများ ပြန် လည်ဖြစ် ပွားလာခဲ့သည်။

ပြည်ထောင်စုနေ့တွင် လက်မှတ်ရေး ထိုးနိုင်ရေးနှင့် ပတ်သက်၍ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် အဖွဲ့ (UNA) အဖွဲ့ဝင် ဦးအေးသာအောင်က ''သမ္မတ ကဖေဖော်ဝါရီ ၁၂ ရက် ကို မှန်းထား တာဖြစ်နိုင်ခြေ အလွန်နည်း ပါတယ်။ ဘာကြောင့် လဲဆိုရင် ဝ၊ မိုင်းလား နဲ့ ပလောင်ဆွေးနွေးပွဲ မပါသေးဘူး။ NCCT နဲ့ကလည်း ဆွေးနွေးပွဲက ရပ်တန့်ရုံမဟုတ် နောက်ပြန် ဆုတ်သွားတဲ့ အခြေအနေဖြစ်တဲ့အတွက် ဒီကာလ မှာ လက်မှတ်ထိုး ဖို့ဆိုတာ မဖြစ်နိုင် ပါဘူး'' ဟုဆိုသည်။

သမ္မတ ဦးသိန်းစိန်က ဗိုလ်ရှုသဘင် အခမ်းအနား အပြီးတွင် တိုင်းရင်းသား ပါတီများနှင့်တွေ့ ဆုံစဉ် တစ်နိုင်ငံ လုံးအတိုင်း အတာဖြင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးနိုင်ရန် ကမ်းလှမ်း ခဲ့ခြင်းဖြစ်သည်။

သမ္မတ ဦးသိန်းစိန်က ကချင်တိုင်းရင်း သားများနှင့် ယုံကြည်မှု ပိုမိုခိုင် မာစေရန် ကချင်ပြည်နယ်နေ့နှင့် မနော ပွဲကို တက်ရောက်ကာ ကချင်ရိုးရာ ဝတ်စုံနှင့် မနော အကပင် ကခဲ့သေးသည်။

သို့သော် ကချင် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့ (KIA)နှင့် အစိုးရ အဖွဲ့ကြား တွင်ရှိသော ယုံကြည်မှု တည်ဆောက်ရန်မှာ ထိုမျှလောက် မလွယ်ကူဟု လေ့လာ သုံးသပ် သူများက ဆိုသည်။''မနောပွဲ ကိုတက်ပြီး ချီးမြှင့် ခဲ့ပေ မယ့်ကေအိုင်ကေ နဲ့ဖြစ်နေ တဲ့ပြဿနာက ဒီလောက်နဲ့ မလွယ် ကူဘူး''ဟု ဦးအေး သာအောင်က ဆိုသည်။

သမ္မတ၏ ဦးတည်ချက်သည် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အပစ်အခတ် ရပ်စဲရေး သာဖြစ်ပြီး တစ်ဖွဲ့ ကျန်ခဲ့ပါက တိုင်းရင်းသား အားလုံး ပါဝင်သောလက် မှတ်ရေး ထိုးခြင်း ဖြစ်မည် မဟုတ်ပေ။'ဝ'၊ မိုင်းလားနှင့် ပလောင် အဖွဲ့များက ငြိမ်းချမ်းရေးဖြစ် စဉ်တွင် ပါဝင် လာခြင်းမရှိ သေးသလို KIA  အဖွဲ့ သည်လည်း ပါဝင်လာရန် မသေချာသေးပေ။ သို့သော် သမ္မတကဲ့သို့ပင် တိုင်းရင်းသား များကြားတွင် အပစ် ရပ်စာချုပ်တွင် လက်မှတ်ရေး ထိုးနိုင်ရေး အတွက် မျှော်လင့် ချက်များထား ရှိနေသူ များလည်း ရှိသေးသည်။

''ဖက်ဒရယ် မူပေါ်မှာ အခြေခံပြီး ဆက်ဆွေးနွေး ရင်တော့ ပြည်ထောင်စုနေ့မှာ အပစ်ရပ် လက်မှတ်ရေး ထိုး ဖို့ဖြစ်နိုင် ပါတယ်။ KIA ပါဖို့ခက်တာ မှန်ပေမယ့် ခက်တာကိုပဲ ကျွန်တော်တို့ လုပ်နေ တာဖြစ် ပါတယ်''ဟု ပအိုဝ်း အမျိုးသား လွတ်မြောက် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ဆိုသည်။

ကချင်ငြိမ်း ချမ်းရေး အကျိုးဆောင် အဖွဲ့ ဦးလမိုင်ဂွမ်ဂျာက ''ဒီလောက် အချိန် အတော အတွင်းမှာ ဖြစ်နိုင် လား၊ မဖြစ်နိုင် ဘူးလားဆို တာတော့ ဘယ်လိုမှ အတည်အကျ မပြောနိုင် ပါဘူးခင်ဗျ။ NCCT နဲ့ UPWC တို့ရဲ့ ကြိုးစားမှု အပေါ်မှာ ပဲမူတည် ပါသေးတယ်''ဟု သုံးသပ်သည်။

ဇန်နဝါရီ တတိယ ပတ်တွင် NCCT နှင့် UPWC တို့ပြန် လည်တွေ့ဆုံ ရန်ပြော ကြားထား ပြီးတွေ့ ဆုံနိုင်ခြင်း မရှိသေးပေ။ ထိုသို့တွေ့ ဆုံရေး အတွက်ပင် ဒီဇင်ဘာလအတွင်းက နောက်ဆုံးတွေ့ဆုံခဲ့ပြီး ပြန်လည်တွေ့ ဆုံဆွေးနွေးရေး အတွက် အဖြေထွက် ရှိခြင်း မရှိခဲ့ပေ။ နှစ် ၆ဝကျော်ဖြစ် ပွားခဲ့သည် ပြည်တွင်း စစ်အတွက် အပစ်ရပ် လက်မှတ်ထိုး ရန်မှာ ဆယ်စုနှစ်နှင့်ချီ၍ ကြာမြင့် ခဲ့သော အိပ်မက်ဖြစ်သည်။

သို့သော် သမ္မတဦးသိန်းစိန်၏ အိပ်မက်များ အမှန်တကယ်ဖြစ်လာ နိုင်ခြင်း ရှိ မရှိကိုတော့ ဆက်လက်စောင့် ကြည့်ရမည်ဖြစ်သည်။ ဤသတင်းသုံး သပ်ချက် ကို သတင်းထောက် ကေဇူး စုစည်းရေးသားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List