Monday, January 12, 2015

သမ္မတနှင့် နိုင်ငံရေးထိပ်သီးခေါင်းဆောင်များ တွေ့ဆုံ


သမ္မတ၊ ကာကွယ်ရေးဦးချုပ်၊ လွှတ်တော်အကြီးအကဲတွေနှင့်  ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင် ငံခေါင်းဆောင်တွေနေပြည်တော် သမ္မတအိမ်တော်မှာ ဒီကနေ့ မနက် ၉ နာရီခွဲလောက်က စတင် တွေ့ ဆုံဆွေးနွေးနေကြပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနဲ့  ပြည်တွင်းငြိမ်း ချမ်းရေး ကိစ္စတွေ ဆွေးနွေး ကြဖို့ သမ္မတက ဖိတ်ခေါ်ထားတာဖြစ်ပြီး  ဒီကနေ့ ဆွေးနွေးပွဲမှာ  တိုင်းရင်းသားရေးရာဝန်ကြီးတွေ အပါအ ၀င် ဆွေးနွေးပွဲ တက်ရောက်သူ  ၄၀ ၀န်းကျင်လောက်ရှိ တယ်လို့ ဆွေနွေးပွဲ အပြင်ဘက်မှာ စောင့် ကြည့်နေ သူတွေ ကပြောပါတယ်။

မနှစ်နိုဝင်ဘာလတုန်းကလည်း သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံရေး အင်အားစု ၅စုက ခေါင်းဆောင် ၁၄ ယောက်တို့ ပထမဆုံးဆုံးအကြိမ်  တွေ့ဆုံခဲ့ကြဖူးပြီး  အချိန် အနည်းငယ်သာရလို့  တက်ရောက်သူတွေ ရဲ့ သဘောထားတင်ပြချက် သက်သက်ဖြစ်ခဲ့ပြီး သိသာ ထင်ရှားတဲ့ ရလဒ် တစ်စုံတရာမရခဲ့ဖူးလို့ ဝေဖန်ခံခဲ့ရ ပါတယ်။

ဒီတကြိမ် ဆွေးနွေးပွဲဟာလည်း ဖိတ်ကြားထားတဲ့ လူအရေအတွက် များလွန်းတဲ့ အတွက် လူများပြီး ပွဲမ စည် ဖြစ်နိုင်တယ်လို့ ဝေဖန်သုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။

DVB

No comments:

Post a Comment

My Blog List