မြန်မာနိုင်ငံလို နိုင်ငံမျိုး၌ အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်မလုပ်ခြင်းက အကောင်းဆုံးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့တက် ရောက်စဉ် တစ်ကိုယ်တည်းဖြစ်နေသည့် အ တွေ့အကြုံကို အခြေခံ၍ တစ်သီးပုဂ္ဂလတိုင်း ဒေသကြီးကိုယ်စားလှယ် ဒေါက်တာညိုညို သင်းက ပြောသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ် တော်များအတွင်း၌ ရန်ကုန်တိုင်းဒေသကြီးမှာ လွှတ်တော်မခေါ်ဆုံး လွှတ်တော် ဖြစ်နေကြောင်း၊ လွှတ်တော်ခေါ်ယူမှုမရှိ ခြင်းက ပြည်သူ့အခွင့်အရေး ဆုံးရှုံးမှု ဖြစ် ပေါ်စေ ကြောင်း ဒေါက်တာညိုညိုသင်းက ဆိုသည်။
''ရန်ကုန်တိုင်းလွှတ်တော်မှာ တော့ ပါတီကို ကြည့်လို့မရဘူးဖြစ်နေတယ်။ ပုံသေတွက်လို့ မရဘူး။ မျက်စိတော့ တော် တော်လည်တယ်၊ တပ်မတော်သားကိုယ်စားလှယ်တွေက ဘာမှပြောဘူး။ ထူးခြား ချက်က လွှတ်တော်ထဲမှာ တစ်ယောက်တည်း (Lonely) ဖြစ်နေတယ်''ဟု ယင်းက ဆက် ပြောသည်။
လွှတ်တော်ကိုယ်စားလှယ် ၁၂၃ ဦးရှိသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်အတွင်း အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးပါသည့်အနက် တစ်ဦးမှာ ဝန်ကြီးဖြစ်သွားပြီး တစ်ဦးမှာ တပ်မ တော်ကိုယ်စားလှယ်ဖြစ်သည့်အတွက် ကျန် လေးဦး၌ အသံမထွက်သည့် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ရှိကြောင်းကိုလည်း သိရသည်။
''တိုင်းဒေသကြီး လွှတ်တော်ထဲ မှာ NNFP ကိုယ်စားလှယ် အမျိုးသမီးက တော့ လူမျိုးခြားဖြစ်တဲ့အတွက် အခွင့်အ ရေးကို တစိုက်မတ်မတ်လုပ်နေတယ်။ အချို့သော လွှတ်တော်ကိုယ်စားလှယ်များက ဘွဲ့ရဖြစ်ပေ မယ့် နှစ်နှစ်ကျော်တဲ့အထိ ဘာမှမပြောတဲ့ အမျိုးသမီးကိုယ်စားလှယ် နှစ်ဦးရှိတယ်''ဟု ရန်ကုန် တိုင်းဒေ သကြီး လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း က ပြောသည်။
လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း မည်သည့်စနစ်ဖြင့် ဆောင်ရွက်မည် ကို မသိရှိရသေး၍ တစ်သီးပုဂ္ဂလ အနေဖြင့် သော်လည်းကောင်း၊ ပါတီကိုယ်စားပြု လွှတ် တော်ကိုယ်စားလှယ် အနေဖြင့်သော်လည်း ကောင်း မခွဲခြားရသေးကြောင်းကိုလည်း ယင်းက ဆက်ပြော သည်။
၂ဝ၁၄ ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ် ၃ဝ ကျော်ရှိ ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပ မည့်ရက်ကို ရက် ၉ဝ ကြိုတင်အကြောင်းကြားမည် ဖြစ် ပြီး နိုဝင်ဘာလကုန်နှင့် ဒီဇင်ဘာလဆန်းပိုင်း အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖွယ်ရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးတစ် ဦးက အတည်ပြုပြောသည်။
၂ဝ၁၄ နှစ်ကုန်ပိုင်း ကျင်းပဖွယ်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး ကြားဖြတ် ရွေးကောက်ပွဲ လစ်လပ်နေရာ များအားလုံး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု တိုင်းဒေ သကြီး ပြည်ခိုင်ဖြိုးကော်မတီဝင်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ် မဲဆန္ဒ(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်လှိုင်က ဆိုသည်။
ဇူလိုင်လဆန်းပိုင်းက ပြည်ထောင် စုရွေးကောက် ပွဲကော်မရှင်က ထုတ်ပြန်သည့် ကိုယ်စားလှယ်လောင်းနှင့် နိုင်ငံရေး ပါတီများ မဲဆွယ်ကာလဆိုင်ရာ လိုက်နာ သင့်သည့် စည်းကမ်းများကို သတင်းထုတ် ပြန်ပြီးနောက် မီဒီယာသမားများနှင့်တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။
''ကြားဖြတ်ရွေးကောက်ပွဲကလဲ လုပ်မယ်ဆိုတာနဲ့ ပြိုင်မှာပါပဲ။ ပါတီကြီးတစ် ခုလဲဖြစ်ပါတယ်။ နိုင်တာ ရှုံးတာ ကတော့ ပြည်သူတွေရဲ့ သဘောထားပါပဲ။ ပြည်သူအများစု ဆန္ဒအတိုင်း ကျွန်တော်တို့ကလက် ခံမှာပါ။ ပြိုင်တာကတော့ ကျွန်တော်တို့ နေ ရာအပြည့်ပြိုင်မှာပါ''ဟု ¤င်းကဆိုသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ၄င်းတို့ပါတီအောင် နိုင်ရေးအတွက် မဲရုံကိုယ်စားလှယ်၊ မဲဆွယ်စည်းရုံးမှုနှင့် ရွေးကောက်ပွဲဥပဒေများ သင်ကြားပို့ချပေးသည့် ပြည်သူ့ မဟာဗျူဟာ ဖော်ဆောင်ရေး ဆင့်ပွားသင်တန်းများကို လည်း ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ရည်ရွယ်ပို့ ချနေကြောင်း သိရသည်။
Yangon Media Group
No comments:
Post a Comment