Thursday, July 10, 2014

အင်ဒိုနီးရှားသမ္မတ ရွေးကောက်ပွဲ အနိုင်ရရှိဟု ကိုယ်စားလှယ်လောင်း နှစ်ဦးစလုံး ထုတ်ပြန်


အင်ဒိုနီးရှားသမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည်ဟု ပါဝင်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်း နှစ်ဦး လုံးဖြစ်သော ပရာဘိုဝိုဆူဘီယန်တိုနှင့် ဂျိုကိုဝီဒိုဒိုတို့က ထုတ်ပြန်သွားကြောင်း CNA သတင်းတွင် ဖော်ပြ ထားသည်။

ပရာဘိုဝို၏ ပါတီက အသုံးပြုသော စစ်တမ်းကောက်ယူမှု နည်းလမ်းများအရ ရွေးကောက်ပွဲတွင် အနိုင်ရ သည်ဟု ပရာဘိုဝိုက ထုတ်ပြန်လိုက်သည်။

“ရေတွက်မှုတွေအရ ကျွန်တော်တို့ (ပရာဘိုဝို ပါတီဝင်များ) ထောက်ခံမှုတွေ ရရှိပါတယ်။ အင်ဒိုနီးရှား ပြည်သူတွေကို အုပ်ချုပ်ပိုင်ခွင့်ရပါတယ်”ဟု ပရာဘိုဝို၏ လက်ထောက်တစ်ဦးဖြစ်သူ ဟတ်တာက ပြောကြား သည်။

သမ္မတ ရွေးကောက်ပွဲတွင် ပရာဘိုဝို အနိုင်ရရှိကြောင်း ပရာဘိုဝို၏ ပါတီဖြစ်သော အင်ဒိုနီးရှား ဒီမို ကရစ်တစ် ရုန်းကန်မှုပါတီက ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် Reuters သတင်းကို ပြောကြားသည်။

သို့သော်လည်း အခြားသော ရွေးကောက်ပွဲ စစ်တမ်းများတွင် ဂျာကာတာ မြို့တော်ဝန်ဟောင်း ဖြစ်သော ဝီဒိုဒိုက ပရာဘိုဝိုကို အသာစီးရနေကြောင်း ဖော်ပြထားသည်။

လွတ်လပ်သော မီဒီယာအုပ်စု တစ်ခုဖြစ်သည့် ကွန်ပတ်အုပ်စု၏ ခန့်မှန်းချက်များအရ ဝီဒိုဒိုက ရွေးကောက်ပွဲ ထောက်ခံမဲ ၅၄ ရာခိုင်နှုန်း ရရှိထားပြီး ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်သော ပရာဘိုဝိုက ထောက်ခံမဲ ၄၆ ရာခိုင်နှုန်း ရရှိထားသည်။

လက်ရှိ ရွေးကောက်ပွဲတွင် အနိုင်ရရှိသူသည် အင်ဒိုနီးရှားသမ္မတ အဖြစ် တိုက်ရိုက်ရွေးကောက်ပွဲတွင် ရာထူးနေရာ ရယူသည့် ဒုတိယမြောက် သမ္မတအဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။

ပြည်သူ့ထောက်ခံမဲဖြင့် ပထမဆုံးအကြိမ် တိုက်ရိုက်ရွေးချယ် ခံခဲ့ရသော အင်ဒိုနီးရှားသမ္မတ ဘန်ဗန်ယူဒို ယိုနိုသည် ယခုနှစ်အတွင်း ရာထူးမှ နုတ်ထွက်သွားမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List