Thursday, July 10, 2014

ဥရောပဂျီဟတ်လူငယ်တွေကို တားဆီးဖို့ အစီအစဉ်ရှိတဲ့ ဥရောပသမဂ္ဂ


ဥရောပသမဂ္ဂအဖွဲ့ဝန်ကြီးတွေဟာ နိုင်ငံရဲ့လုံခြုံရေးကိုခြိမ်းခြောက်လာနေတဲ့ ဆီးရီးယား အပါအ၀င် ဂျီဟတ် စစ်ပွဲတွေကနေ ပြန်လာတဲ့ ဥရောပ လူငယ်တွေရဲ့ အန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့ အစီအစဉ်ပြုလုပ်နေ ပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။ 

အီးယူရဲ့ အကြမ်းဖက်မှု နှိမ်နင်းရေးအကြီးအကဲ ဂျီးလက်ဒီကာချော့ဗ်က ဆီးရီးယားအပါအ၀င် စစ်ပွဲတွေ ကပြန်လာတဲ့ ဥရောပဂျီဟတ်လူငယ်တွေများပြားလာပြီး နိုင်ငံလုံခြုံရေးကို ခြိမ်းခြောက် လာတဲ့ အန္တရာယ်ကို ကာကွယ်ဖို့ အစီအစဉ်တစ်ခုကို စတင်လိုက်ပြီဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ 

မီလန်မြို့မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ဘယ်လ်ဂျီယံ၊ ဗြိတိန်၊ ဒိန်းမတ်၊ ပြင်သစ်၊ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊စပိန်နဲ့ ဆွီဒင် နိုင်ငံကကိုယ်စား လှယ်တွေ တက်ရောက်ခဲ့ပြီး အောက်တိုဘာလမှာ ကျင်းပမယ့် အစည်း အဝေးမှာ အဲ့ဒီအစီအစဉ်ကို တခြားဥရောပနိုင်ငံတွေကိုပါပေးပို့သွားမှာဖြစ်တယ်လို့သိရ ပါတယ်။ 
အီရတ်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တွေရဲ့ တိုးတက်မှုကြောင့် အဆိုပါလုပ်ဆောင်ချက် ကို ချက်ချင်း စတင်သွားဖို့ ပိုပြီးလိုအပ်တာတယ်လို့ ကာချော့ဗ်က ပြောပါတယ်။ 

အခုနှစ်အစောပိုင်းကလည်းဆူဒန်၊ ဆီးရီးယားအစရှိတဲ့ နိုင်ငံတွေမှာ အစွန်းရောက်အဖွဲ့ဘက်က ၀င်ရောက် တိုက်ခိုက်ဖို့ သွားရောက်ခဲ့တဲ့ ဥရောပမူဆလင်လူငယ်အရေအတွက် မြင့်တက်လာတယ်လို့ အီးယူက သတိပေးခဲ့ပါတယ်။ပြင်သစ်ပြည်ထဲရေးဝန်ကြီးကတော့ သွေးဆောင်ခံရတဲ့ ဂျီဟတ်အသစ်တွေ နိုင်ငံခြား စစ်မြေပြင်တွေမှာ သွားရောက်တိုက်ခိုက် နေတဲ့အရေးကို နိုင်ငံကူးခွင့်ပိတ်ပင်ခြင်း၊ခရီးသွားလာမှုပိတ် ပင်ခြင်း၊နိုင်ငံတကာဖမ်းဆီး မိန့်တွေနဲ့ တားမြစ်သင့်တယ်လို့ ပြောကြားခဲ့ပြီး နယ်သာလန်အစိုးရကတော့ အရှေ့ အလယ်ပိုင်းက စစ်ပွဲတွေမှာပါဝင်ဖို့ သွားမယ့်နိုင်ငံသားတွေရဲ့ နိုင်ငံကူး လက်မှတ်တွေကိုသိမ်း ဆည်းမိန့်ထုတ်ပြန်ပြီးသား ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့မေလက ဆီးရီးယား စစ်ပွဲက ပြန်လာတဲ့ ပြင်သစ်လူမျိုး တစ်ယောက်ဟာဘရပ်ဆဲလ်မြို့က
ဂျူးပြတိုက်ထဲမှာ လူလေးယောက်ကို ပစ်သတ်မှုနဲ့ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် ဥရောပသား တွနဲ့ အကြမ်းဖက် 
အဖွဲ့ ပတ်သက်မှုကို ကမ္ဘာက အာရုံစိုက်လာ ခဲ့တာဖြစ်ပါတယ်။ဥရောပနိုင်ငံသား(၂၀၀၀)ကျော်ဟာ အရှေ့အလယ်ပိုင်းစစ်ပွဲတွေမှာ ၀င်ရောက်တိုက်ခိုက်ဖို့ သွားခဲ့ပြီးတော့ တချို့ဟာဥရောပကို ပြန်လာခဲ့ကြ ပါတယ်။ 
ကာချော့ဗ်ကတော့စစ်ပွဲပြန်တွေအားလုံးက တိုက်ခိုက် အကြမ်းဖက်မှာ မဟုတ်ပေမယ့်လည်း သူတို့ထဲက တစ်ချို့ကတော့ အကြမ်းဖက်မှုတွေပြုလုပ်လာနိုင်ချေရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

Source;Reuters 
The Myanma Age

No comments:

Post a Comment

My Blog List