Monday, July 07, 2014

အစ္စရေးက ဂါဇာကမ်းမြှောင်ကို လေကြောင်းဖြင့် တိုက်ခိုက်၊ ၇ ဦး သေဆုံး


အစ္စရေးအစိုးရက ဟားမတ်စ်တွေရဲ့ ဒုံးကျည်နဲ့ ပစ်လွှတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဂါဇာကမ်းမြှောင်ဒေသကို လေကြောင်းတိုက်ခိုက်မှုတွေ ဒီနေ့အစောပိုင်းက လုပ်ခဲ့လို့ ဟားမတ်စ်အဖွဲ့ရဲ့ သေနတ်သမား ၇ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရတယ်လို့ အစ္စလာမ်မစ်အုပ်စု လက်နက်ကိုင်တပ်ဖွဲ့က ကြေညာချက် ထုတ်ပြန် ပါတယ်။ဒါဟာ ၂၀၁၂ နယ်စပ်စစ်ပွဲပြီးချိန်ကစရင် လူသေအများဆုံးနေ့ပဲလို့လည်း ဆိုပါတယ်။

အစ္စရေးစစ်တပ်နဲ့ အာဏာပိုင်တွေ က လေကြောင်း တိုက်ခိုက်မှုကို အတည်ပြုခဲ့ပြီး အစ္စရေးတောင်ပိုင်းကို ဒုံးကျည်နဲ့ တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တာလို့ ပြောပါ တယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က ဟားမတ်စ်တွေ လွှမ်းမိုးတဲ့ ဂါဇာကနေ အစ္စရေးကို ဒုံးကျည် ၂၅ စီး ပစ်လွှတ်ခဲ့လို့ ဇွန်လလယ်တည်းကစတဲ့ ပစ်ခတ်မှုအတွင်း အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ အစ္စရေးတောင်ပိုင်းရပ်ကွက်တွေ တိတ်ဆိတ်မှု ပြန်ရဖို့ လိုသမျှ အားလုံးလုပ်မယ်လို့ အစိုးရအဖွဲ့ကို ဇူလိုင် ၆ ရက်နေ့က ကတိပေးပါတယ်။

လွန်ခဲ့တဲ့အပတ်က အရှေ့ဂျေရုဆလင်မှာ အသက် ၁၆ နှစ်အရွယ် ပါလက်စတိုင်းလူငယ် မိုဟာမက်အဘူ ခူဒါကို အရှင်လတ်လတ် မီးရှို့သတ်မှုကြောင့် အစ္စရေးနဲ့ပါလက်စတိုင်းတွေကြားတင်းမာမှုတွေ မြင့်တက်နေ ပါတယ်။

ဒီသတ်ဖြတ်မှုကြောင့် အစ္စရေးနိုင်ငံတွင်း ပုံမှန်အားဖြင့် ငြိမ်သက်နေတဲ့ အာရပ်မြို့တွေမှာပါ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

အစ္စရေးအစိုးရကတော့ လူသတ် ပြန်ပေးဆွဲမှုနဲ့ ပတ်သက်ပြီး သံသယရှိသူ ဂျူး ၆ ဦးကို ဖမ်းဆီးထားပါတယ်။

DVB

No comments:

Post a Comment

My Blog List