Tuesday, July 08, 2014

သီလရှင်ဆယ်ရက်ဝတ်ပြီး ခေါင်းတုံးနဲ့ဇာတ်ကားရိုက်နေတဲ့ ယွန်းရွှေရည်



သီလရှင်ဝတ်ခဲ့သော ကြောင့် ခေါင်းတုံးဆံပင်ဖြစ်နေ သော်လည်း ဒါရိုက်တာကျော်ဇော လင်း(အတွေးပုံရိပ်)ရိုက်ကူး သည့် ဇာတ်ကားနှစ်ကားတွင် ဆံပင် အတုမသုံးဘဲရိုက်ပြမည်ဖြစ် ကြောင်း သရုပ်ဆောင်ယွန်းရွှေရည်ကပြောသည်။
‘‘အောင်သီရိကရိုက်တဲ့ ဆေးထိုးကြသူများဆိုတဲ့ ကား လေးရိုက်နေတယ်။ ဒီကားမှာ ယောက်ျားလျာတော့မဟုတ်ဘူး။ ဒါပေမဲ့ ယောက်ျားလေးလိုနေတဲ့ ပုံစံဆိုတော့ ခေါင်းတုံးဆံပင်နဲ့ ရိုက်ဖြစ်တာ’’ဟု ၎င်းကပြောသည်။

ယင်းဇာတ်ကားကို ဒါရိုက် တာကျော်ဇောလင်း(အတွေးပုံ ရိပ်)ကရိုက်ကူးနေပြီး ပြေတီဦး၊ ချစ်သုဝေတို့နှင့် တွဲဖက်သရုပ် ဆောင်နေသည်ဟုဆိုသည်။

ထပ်မံရိုက်ကူးရန်လက်ခံ ထားသည့် ဇာတ်ကားတွင်လည်း ခေါင်းတုံးနှင့်သာဆက်လက်ရိုက် ကူးသွားမည်ဖြစ်ပြီး အဆိုပါဇာတ်ကားတွင် ရပ်ကွက်အတွင်း၌ ငွေတိုးပေးသည့် ခေါင်းတုံးမအနေဖြင့် သရုပ်ဆောင်သွားမည်ဟု ယွန်းရွှေရည် ကပြောသည်။

ယွန်းရွှေရည်သည် ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်က သီလရှင်ဝတ်ခဲ့ပြီး ဇွန်လအတွင်းကျရောက်သည့် မိခင်ဖြစ်သူ ကွယ်လွန်သည့်လေးနှစ်ပြည့်နှင့် ၎င်း၏မွေးနေ့ အမှတ်တရအဖြစ်ဆယ်ရက်ကြာ ဝတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

7Day News Daily

No comments:

Post a Comment

My Blog List