Tuesday, July 08, 2014

ဂျပန်နိုင်ငံတောင်ပိုင်းကို အင်အားပြင်း တိုဖွန်းမုန်တိုင်း တိုက်ခိုက်



ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းကို အင်အားပြင်း နီယိုဂူနီ တိုင်ဖွန်းမုန်တိုင်း ဒီနေ့ ၀င်ရောက်တိုက်ခိုက်နေပါတယ်။
အိုကီနာဝါဒေ သခံတွေ နေအိမ်တွေကို စွန့်ခွာပြီး မုန်တိုင်းဒဏ်ခံ ကယ်ဆယ်ရေးစခန်းတွေမှာ ယာယီပြောင်းရွှေ့နေ ထိုင်ဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။
စူပါမုန်တိုင်းအဆင့်ကနေ မုန်တိုင်းအဆင့် ၃ ကို ဒီနေ့မှာ လျော့ချခဲ့ပေမယ့် လေတိုက်နှုန်း ၁ နာရီ ၁၅၅ မိုင်နဲ့ တိုက်ခတ်နေတယ်လို့ သိရပါတယ်။

အိုကီနာဝါကျွန်းက အိမ်ထောင်စု ၇ ထောင်လောက် လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး အိုကီနာဝါ ရေနံချက်စက်ရုံကိုလည်း ပိတ်ထားလိုက်တယ်လို့ ဆိုပါတယ်။

အမေရိကန်စစ်အခြေစိုက်စခန်းရှိတဲ့ ကာဒါနာ လေတပ်စခန်းကိုလည်း မုန်တိုင်းသတိပေးချက် အမြင့်ဆုံးအဆင့် ထုတ်ပြန်ထားပါတယ်။

ဂျပန်ကတ်ဘိနက်ဝန်ကြီး ယိုရှီဟီဒေး ဆုဂါ (Yoshihide Suga) က လက်ရှိအချိန်အထိ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာမှု သတင်းပေးပို့ချက် မရှိသေးဘူးလို့ ပြောဆိုပါတယ်။

မုန်တိုင်း သတိပေးချက်တွေနဲ့ ကယ်ဆယ်ရေးအစီအစဉ်တွေကို အချိန်နဲ့တပြေးညီ ဦးစားပေးလုပ်ဆောင်ဖို့ ၀န်ကြီးချုပ်က ညွှန်ကြားထားတယ် လို့လည်း ပြောဆိုပါတယ်။

နီယိုဂူနီမုန်တိုင်းဟာ ၁ နာရီ မိုင် ၂၀ နှုန်းနဲ့ အနောက်မြောက်ဘက်ကို ဆက်လက် ရွေ့လျားနေတယ်လို့ သိရပါတယ်။

DVB

No comments:

Post a Comment

My Blog List