Tuesday, July 08, 2014

Ooredoo ရဲ့ ညောင်လေးပင် ဘကကျောင်းအလှူ



Ooredoo မြန်မာကုမ္ပဏီက ဆက်သွယ်ရေးလိုင်စင်ရရှိခြင်း တနှစ်ပြည့်အမှတ်တရအဖြစ် ညောင်လေးပင်မြို့နယ်ထဲက ဘုန်းတော်ကြီးသင်စာသင်ကျောင်းတခုမှာ အလှူဒါနပြုခဲ့ပါတယ်တဲ့။ သူတို့ရဲ့ သတင်းထုတ်ပြန်ချက်ကို ကူးယူ ဖော်ပြလိုက် ပါတယ်။
ဇူလိုင်လ ၇ ရက်နေ့ ၂၀၁၄ 
ရန်ကုန်၊ မြန်မာ။

Ooredoo မြန်မာ သည် မြန်မာနိုင်ငံ တွင် တယ်လီကွန် လိုင်စင် ရရှိသော တစ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် Ooredoo မြန်မာမှ ကိုယ်စားလှယ်များအဖွဲ့ သည် ဆရာတော် အရှင်ဘဒ္ဒန္တပဏ္ဍိတ ဦးဆောင်၍ တည်ထောင်ထားသော ပဲခူး တိုင်း ဒေသကြီး ၊ ညောင်လေးပင်မြို့နယ် ၊ ခုံအင်း ကျေးရွာ အုပ်စု ၊ ကြံခင်းရွာရှိ ပြည်သူ့အားမာန် ဘုန်းတော်ကြီးသင် စာသင်ကျောင်းသို့ ဇွန်လ ၂၇ ရက်နေ့ သောကြာနေ့တွင် သွားရောက်ပြီး အလှူဒါနများ ပြုလုပ်ခဲ့သည်။

ကြံခင်း ကျေးရွာကို လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က စတင်တည်ထောင်ခဲ့သော်လည်း ယမန်နှစ်ကမှစ၍ စာသင်ကြောင်း ရှိခဲ့သည်။

Ooredoo မြန်မာက စာသင်ကြားရေး တွင် ကျောင်းသားများ နှင့် ဆရာများကို အထောက်အကူ ဖြစ်စေမည့် ကျောင်းသုံး စာရေး ကိရိယာများ ကို ဘုန်းတော်ကြီးသင် စာသင်ကျောင်းသို့ လှူဒါန်းခဲ့သည်။ 

အလှူဒါန ပြုလုပ်ရခြင်း နှင့် စပ်လျှင်း ၍ Ooredoo မြန်မာ ၏ အလုပ်အမှုဆောင် အရာရှိချုပ် Ross Cormack က “ဒီနေ့ ဟာ ကျွန်တော်တို့ လိုင်စင် ရရှိကြောင်း သတင်းကောင်းကြားတာ တစ်နှစ်တိတိ ပြည့်တဲ့ နေ့ဖြစ်ပါတယ်။ 

ကျွန်တော်တို့အနေနဲ့ အင်မတန် မြတ်နိုးစရာ ကောင်းတဲ့ မြန်မာမှူ မြန်မာ့ဟန်ကို ထိမ်းသိမ်းရင်း အလှူဒါန ပြုရခြင်း ဖြစ်ပါတယ်။မြန်မာပြည်သူ လူထုရဲ့ဘ၀တွေ တိုးတက် ပြောင်းလည်းဖို့ အင်အားတွေ ဖြည့်ရန်ဆိုတာက ကျွန်တော်တို့ အဓိက ရည်မှန်းချက် ဖြစ်ပြီး ဒီနေ့အလှူဒါနလေးကလည်း အခြေခံလူမှူဘ၀တွေကို တတ်စွမ်းသမျှ ကူညီတဲ့အနေနဲ့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟုပြောကြားလိုက်ပါသည်။

ဆရာတော် အရှင်ဘဒ္ဒန္တပဏ္ဍိတက Ooredoo မြန်မာ ၏ အလှူဒါနကို ၀မ်းမြောက်စွာ လက်ခံရရှိပြီး၊ “မြန်မာ့ ကျေးလက် ပညာရေးကို မြေတောင်မြှောက်ပေးနေကြသည့် Ooredoo မြန်မာ မိသားစုဝင်များ ကျန်းမာကြပါစေ။” ဟု ဆုတောင်း မေတ္တာ ပို့သလိုက်ပါသည်။

ဧရာဝတီblog

No comments:

Post a Comment

My Blog List