Wednesday, July 09, 2014

မသေခင် သွားသင့်တဲ့နေရာထဲမှာ ပုဂံနဲ့ စင်္ကာပူ ပါဝင်


ကမ္ဘာပေါ်မှာ သွားသင့်တဲ့ ရှေးဟောင်း နဲ့ ကနေ့ခေတ်မြို့ကြီး ငါးဆယ်စာရင်းကို နိုင်ငံခြားမီဒီယာတခုရဲ့ အွန်လိုင်းမှာ ဒီရက်ပိုင်း တွေ့ရပါမယ်။ ခရီးသွားလည်ပတ်သူတွေ အသုံးများတဲ့ minube.com ကို အားကိုးပြီး ဟပ်ဖင်တန်ပို့စ်အွန်လိုင်းစာမျက်နှာမှာ  ရေးလိုက်တော့ - မသေခင် ကြည့်သွားသင့်တဲ့ နေရာ ၅ဝ- သင့်ဘဝမှာ သွားလည်ရမယ့် မြို့ကြီး ၅ဝ ဆိုပြီး တခြားအွန်လိုင်းစာမျက်နှာတွေမှာလည်း ပြန်ရေးကြ ပါတယ်။

စိတ်ဝင်စားစရာအကြောင်းလည်း မဖြစ်မနေ တင်သင့်တာပေါ့။ ဘာကြောင့်လဲ ဆိုတော့ နေရာ ၅ဝ ထဲမှာ ပုဂံ ပါဝင်နေလို့ ပါပဲ။ ဒါ့အပြင် မြန်မာပြည်သား အများအပြား အခြေချနေတဲ့ စင်္ကာပူလည်း ဒီစာရင်းထဲ ပါနေတာ တွေ့ရပါ လိမ့်မယ်။

ပုဂံဟာ ကမ္ဘာပေါ်မှာ နေထွက်ရှုခင်း အကောင်းဆုံး ရှေးဟောင်းမြို့ဖြစ်မလား။ အတော်များများက ဖြစ်တယ်လို့ ဆိုကြပါလိမ့်မယ်တဲ့။ မနက်ပိုင်း အလင်း ထွက်လာပြီး ရှေးဟောင်းဘုရားစေတီတွေရှိတဲ့ လွင်ပြင်ကြီးမှာ မြူထနေ တဲ့မြင်ကွင်းကို စိတ်ကူးကြည့်စမ်းပါ ဆိုပြီး ညွှန်းပါတယ်။

စင်္ကာပူကို ညွှန်းရာမှာတော့ Little India မှာ လျှောက်သွားဖို့ မဖြစ်မနေ လိုအပ်မယ်လို့ ဆိုထားပြီး လောကကြီးမှာ အကောင်းတကာ့အကောင်း ဆုံးဖြစ်ဖွယ်ရှိတဲ့ လမ်းဘေးမုန့်တွေကိုလည်း ညွှန်းသွား ပါတယ်။

ဒီတော့ ... စင်္ကာပူရောက်ရင် ရွှေတို့စုဝေးရာပင်နီဆူလာနဲ့တင် အချိန်မကုန်ဘဲ Little India ထဲလည်း တချက်လောက်တော့ သွားသင့်ပြီပေါ့။

ကဲ... ပြည်ပရောက် မြန်မာစာဖတ်ပရိသတ်လည်း ကိုယ်ရောက်နေတဲ့မြို့က ဒီစာရင်းထဲ ပါဝင်နေမလား ဆိုတာ တချက် စူးစမ်းနိုင်အောင်လို့ ဒီစာရင်းကို ကူးယူဖော်ပြလိုက်ပါတယ်။

ကိုယ့်မြို့ ကိုယ့်ဒေသက ဒီစာရင်းထဲ မပါဝင်လည်း ပြဿနာတော့ မရှိပါဘူး။ ခရီးသည် အလာနည်းရင် ပျက်စီးမှု၊ နဂိုမူလအနေအထား ချွတ်ယွင်းမှု နည်းတယ်လို့ သဘောထားနိုင်တယ်မဟုတ်လား။

ဒီစာရင်းထဲမှာ အိမ်နီးချင်းနိုင်ငံတချို့က မြို့များလည်း ပါဝင်နေတာ တွေ့ရပါတယ်။

1.) Venice, Italy  
2.) Seville, Spain  
3.) New York City, USA 
4.) Lhasa, China 
5.) Rio de Janeiro, Brazil 

6.) London, England  
7.) Marrakech, Morocco  
8.) Petra, Jordan 
9.) Rome, Italy  
10.) Varanasi, India 

11.) Florence, Italy  
12.) Havana, Cuba 
13.) Kyoto, Japan 
14.) Jerusalem, Israel  
15.) Paris, France  

16.) Beijing, China 
17.) Lalibela, Ethiopia 
18.) Granada, Spain 
19.) Athens, Greece 
20.) Bagan, Myanmar  

21.) Kathmandu, Nepal  
22.) Vatican City  
23.) Lisbon, Portugal  
24.) Tokyo, Japan 
25.) Istanbul, Turkey   

26.) Hội An, Vietnam 
27.) Amsterdam, Netherlands 
28.) Luxor, Egypt  
29.) Berlin, Germany  
30.) Jaipur, India  

31.) Lyon, France  
32.) Oia, Greece  
33.) Siem Reap, Cambodia  
34.) Vienna, Austria  
35.) Cusco, Peru 

36.) Cartagena, Colombia  
37.) Zanzibar, Tanzania 
38.) Mexico City, Mexico  
39.) Singapore 
40.) Las Vegas, USA  

41.) Samarkand, Uzbekistan  
42.) Sydney, Australia   
43.) San Francisco, California  
44.) Mont Saint Michel, France, USA  
45.) Dubrovnik, Croatia  

46.) Bangkok, Thailand 
47.) Buenos Aires, Argentina 
48.) Antigua Guatemala, Guatemala  
49.) Prague, Czech Republic  
50.) Budapest, Hungary  

ဧရာဝတီblog

No comments:

Post a Comment

My Blog List