Monday, July 07, 2014

မန္တလေးမြို့ အေးချမ်းရေး ပါဝင်ကူညီဖို့ နိုင်ငံရေး ပါတီများအား တိုက်တွန်း


မန္တလေးမြို့အခြေစိုက် နိုင်ငံရေးပါတီတွေအနေနဲ့ မန္တလေးမြို့ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်း ပါဝင် ကူညီပေးကြဖို့ မန္တလေးတိုင်းဒေသကြီး ရွေးကောက် ပွဲကော်မရှင်က နိုင်ငံရေးပါတီ တာဝန်ရှိသူတွေကို မနေ့ က ခေါ်ယူတွေ့ဆုံ ပြောကြားခဲ့ကြောင်း သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်နဲ့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက အခု လို ပြောပါတယ်။

"အဓိကတော့ မန္တလေးမြို့မှာ ဖြစ်ပျက်နေတဲ့ အနေအထားတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေး ပါတီတွေကည်း အကြံအဥာဏ်ပေးတာတို့ ဝိုင်းထိန်း တာတို့ လုပ်ပေးဖို့ပေါ့၊ အထူး သဖြင့်တော့ ကောလာ ဟလကြောင့်မို့လို့ ပြဿနာပိုမို မကြီးထွားအောင် သူ့ အဖွဲ့ အစည်း အောက်ခြေအဆင့်အထိ အခြေနေ မှန်လေးရှင်းပြပေးဖို့ ဆိုပြီးတော့ ပြောတာပါ၊ ကျနော်တို့ကလည်း ပြောတယ်ဗျာ ဖြစ်ရပ်မှန်က အချိန်နဲ့ တပြေးညီ တကယ်တမ်း ထုတ်ပြန်နိုင် တယ်၊ အသိပေးနိုင်တယ်ဆိုလို့ရင်တော့ ဒါတွေက သံသယလျော့နိုင် တာပေါ့ဗျာ"

ဒါ့အပြင် ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီတွေကလည်း မန္တလေးမြို့ တည်ငြိမ်အေး ချမ်းတဲ့အထိ လုံခြုံရေး အင်အားတွေကို မလျော့ချဖို့၊ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဆက် လက်ထုတ်ပြန်ထားဖို့၊ တိုင်းဒေသကြီး အစိုးရ အနေနဲ့ အချိန်နဲ့ တစ်ပြေးညီ သတင်း ထုတ်ပြန်ပေးဖို့ လိုအပ်ကြောင်း အကြံပြုခဲ့တယ်လို့ သိရပါတယ်။

တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်နဲ့ မနေ့က တွေ့ဆုံဆွေးနွေးရာမှာ မန္တလေးမြို့အခြေစိုက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ စတဲ့ နိုင်ငံရေးပါတီ ၁၁ ပါတီက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး မြို့နယ် ၆ မြို့နယ်မှာ ည ၉နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ ညနေပိုင်းကစပြီး တိုင်းဒေသကြီး အစိုးရက ထုတ်ပြန်ထားပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List