Thursday, July 10, 2014

ဖောက်ခွဲမှုဖြင့် ထောင်ဒဏ် ၁၀ နှစ် အပြစ်ပေးခံရသူ စောထွန်းထွန်း ကို လူသတ်မှုဖြင့် ဆက်လက်တရားစွဲ


တောင်ငူမြို့နယ် တရားရုံး၌ ပေါက်ကွဲစေတတ်သော အက်ဥပဒေ ပုဒ်မ ၃ အရ ဇူလိုင်လ ၄ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ် ခံခဲ့ရသော ချမ်းမြေ့တည်းခိုခန်း ဗုံးပေါက်ကွဲမှု တရားခံ စောထွန်းထွန်းကို လူသတ်မှုဖြင့် ဆက်လက် တရားစွဲဆိုထားကြောင်း နေပြည်တော် ရဲတပ်ဖွဲ့ ဌာနချုပ် (မှုခင်း) ရဲမှူးကြီးဝင်းစိန်က ပြောကြားသည်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် ပြည်ထဲရေး ဝန်ကြီးဌာန ညွှန်ကြားချက်အရ ရာ/ကြီးအမှတ် ၅/၁၄ ဖြင့် ပေါက်ကွဲစေတတ်သော ဥပဒေပြစ်မှု ပုဒ်မ ၃ အရ တရားစွဲဆိုခဲ့ပြီး ခြောက်လခန့်အကြာ ယခုကဲ့သို့ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့ ဌာနချုပ်ထံမှ စုံစမ်း သိရသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်အချိန် တောင်ငူမြို့ အမှတ် ၁၇ ရပ်ကွက် ကန်လမ်း ချမ်းမြေ့တည်းခိုခန်း ဗုံးပေါက်ကွဲမှုအတွက် စောထွန်းထွန်းကို နိုဝင်ဘာလ ၁၈ ရက် ည ၁၀ နာရီခန့်က ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ တောင်ငူခရိုင် တပ်မဟာ ၃ အကူအညီဖြင့် ဖမ်းဆီးကြောင်း၊ ၎င်းကို တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံ အောက်တိုဘာလအတွင်း လွှဲပြောင်းခဲ့ပြီး ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၇ ရက် နေ့တွင် တောင်ငူခရိုင် တရားရုံး၌ လူသတ်မှုဖြင့် ရုံးတင်ခဲ့ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့ဌာနချုပ် (မှုခင်း) ရဲမှူးကြီး ဝင်းစိန်က ပြောကြားသည်။

စောထွန်းထွန်းကို ငွေကျပ် ၂၀,၀၀၀ ပေး၍ နောက်ကွယ်မှ စေခိုင်းသူ စောတဝါးကို ပူးပေါင်းကူညီ ဖမ်းဆီးနိုင်ရန် ကရင်အမျိုးသားအစည်းအရုံး ဗဟိုစုံစမ်းစစ်ဆေးရေး အဖွဲ့က တောင်ငူမြို့သို့ လာရောက်ပြီး ဒီဇင်ဘာ ၁၇ ရက်နေ့တွင် တောင်ငူခရိုင် ရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ စစ်ဆေး ဖော်ထုတ်သွား မည် ဖြစ်ကြောင်း KNUအမျိုးသားအစည်းအရုံးဗဟိုမှ ဖဒိုစောရော်ဂျာခင် ပြောကြားခဲ့ပြီး မကြာမီ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဝရမ်း ထုတ်ပြန် ကြေညာခဲ့သည်။

ယင်းပေါက်ကွဲမှု၌ တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်း အပေါ်ထပ်အခန်း အမှတ် ၆/B တွင် လယ်ဝေးမြို့မှ လာရောက် တည်းခိုနေထိုင်သူ အသက် ၂၉ နှစ်ရှိ မီးရထား ရဲတပ်သားနှင့် ညောင်လေးပင်မြို့မှ လာရောက် တည်းခိုသူ အသက် ၂၄ နှစ်ရှိ အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့သည်။ 

မြန်မာနိုင်ငံ မြို့ကြီးအချို့တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၉ ရက်မှ ၁၅ ရက်အထိ ခုနစ်ရက်အတွင်း ဗုံးတွေ့ရှိမှု လေးကြိမ်၊ ဗုံးလန့်မှု ၁၀ ကြိမ်၊ ဗုံးပေါက်ကွဲမှု ခြောက်ကြိမ် ဖြစ်ပွားခဲ့ရာတွင် လူသုံးဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List