Tuesday, July 08, 2014

ပဋိပက္ခများ ရှောင်ရှားနိုင်ဖို့ သတင်းမှန် အချိန်မီလိုအပ်



အကြမ်းဖက် ပဋိပက္ခများကို အနာဂတ်ကာလမှာ ရှောင်ရှားနိုင်ဖို့အတွက် သတင်းအမှန်များကို အဆင့်ဆင့်တင်ပြ ပြီး ပြည်သူတွေကိုအချိန်မီ အသိပေးဖို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အသင်းက ဒီကနေ့ကြေညာချက်ထုတ်ပြန် တိုက်တွန်း လိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဘက်မှု မျိုး နောက်ထပ်မဖြစ်ပွားဖို့အတွက် ဘာသာပေါင်း စုံ ဆွေးနွေးပွဲကို မန္တလေးမြို့မှာ ဒီကနေ့ ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပပြီး အချက် ၈ ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး မန္တလေးတိုင်း ဒေသကြီိး ဘာသာပေါင်းစုံချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဌ ကာလီဖါ ဦးသိန်းဝင်းအောင်က ခုလိုပြော ပါတယ်။

"အဲ့ဒီ ဗဟိုအဖွဲ့တွေနဲ့ ကျနော်တို့ မန္တလေးတိုင်းဒေသကြီးအဖွဲ့ ဘာသာပေါင်းစုံအဖွဲ့ရယ် ကျနော်တို့ တွေ့ဆုံပါတယ်၊ အဲ့တွေ့ဆုံပွဲ မလုပ်ခင်မှာ သူတို့ ဝန်ကြီးချုပ်ကြီးနဲ့လည်း သွားပြီးတွေ့ဆုံပါတယ်နော် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကြီးနဲ့လည်း သွားရောက်တွေ့ဆုံ ပြီးတော့မှ အဲ့ဒီမှာ ကျနော်တို့ ထုတ်ပြန်ချက်တစ်ခုတော့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့က ထုတ်ပြန်မှ ကောင်းမယ်ဆိုပြီးတော့ ကျနော်တို့ အဲ့ဒီမှာ ကျနော်တို့ ဗဟိုနဲ့ တိုင်းနဲ့ အဲ့ဒီဥစ္စာ ညှိနှိုင်းပြီးတော့မှ ဒီဟာတွေ ထုတ်ပြန်ပြီးအထိ ဒီအတိုင်းဆောင်ရွက်ပြီးမှာသာ အေးချမ်းသွားမယ်ဆိုပြီး ဒီဟာကို ထုတ်ပြန်ရတာပါ"

အဲဒီ ကြေညာချက်မှာ သတင်းမှန်များကို ပြည်သူသိရှိအောင် ဆောင်ရွက်ရန်အပြင် သတင်းမီဒီယာ တွေအနေနဲ့လည်း ကျင့်ဝတ်နဲ့အညီ သတင်းများကို ရေးသားဖေါ်ပြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ပဋိပက္ခတွေရဲ့နောက်ကွယ်က ကြိုးကိုင်နေကြသူတွေကို ဖေါ်ထုတ်အရေးယူပေးဖို့ အာဏာပိုင်အဆင့်ဆင့်ကို တိုက်တွန်းထားသလို ပြည်သူများအနေနဲ့ ဒီမိုကရေစီရဲ့တန် ဘိုးဖြစ်တဲ့ ကွဲပြားခြားနားမှုတွေရှိပေမဲ့ ညီညွတ်ပြီး သဟဇာတဖြစ်စွာနေထိုင်နိုင်တဲ့ အလေ့အကျင့်များ မွေးမြူဖို့လိုတယ်လို့လည်း တိုက်တွန်းထားပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List