မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော မတည်ငြိမ်မှုများနှင့် ပတ်သက်၍ မန္တလေးအခြေစိုက် သတင်းသမားများ၏ သဘောထားကြေငြာချက်ကို ဇူလိုင် ၇ ရက်၊ ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာသည်။
ဖြစ်စဉ်များအတွင်း အုပ်ချုပ်ရေးပိုင်း စီမံမှုအားနည်းခဲ့သော်လည်း ဆရာတော်များနှင့် ဘာသာရေး ခေါင်းဆောင်တချို့က ၀င်ရောက်ထိန်းသိမ်းခဲ့ကြောင်း၊ မန္တလေးသတင်းသမားများကလည်း ဘက်လိုက်မှု ကင်းစွာ အချိန်နှင့် တပြေးညီ သတင်းများထုတ်ပြန်ရေး ကြိုးပမ်းခဲ့ကြကြောင်း ဖော်ပြထားသည်။
ထိုသို့ သတင်းရယူရန် ဆောင်ရွက်စဉ် လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ ခြိမ်းခြောက်ခဲ့မှုများအပေါ် ပြင်းထန်စွာရှုတ်ရှပါသည်ဟု ကိုယ်တိုင် သတင်းရယူခဲ့ကြသည့် မန္တလေးသတင်းသမားများက ကြေငြာခဲ့ခြင်းဖြစ်သည်။
ပြည်သူလူထုအနေနှင့်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော သတင်းဌာနများ၏ သတင်းများကိုသာ ယုံကြည်သင့်ပြီး အင်တာနက်တွင် လှုံ့ဆော်နေသည့် အကြောင်းအရာများကို ချင့်ချိန်၍ ယုံကြည်ကြပါရန် လည်း တိုက်တွန်း ခဲ့ကြသည်။
7Day Daily

No comments:
Post a Comment