Monday, July 07, 2014

အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲ ဇူလိုင် ၉ ရက် ကျင်းပမည်



အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲတွေကို ဇူလိုင် ၉ ရက်နေ့ စတင်ကျင်းပတော့မှာ ဖြစ်ပေမယ့် ဘယ်သူသမ္မတအဖြစ် ရွေးကောက်ခံရမယ်ဆိုတာ အတိအကျ ပြောဖို့ခက်ခဲနေတယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက ဆိုကြပါတယ်။ကာတာမြို့တော် အုပ်ချုပ်ရေးမှူး ဂျိုကိုဝီ ၀ီဒိုဒိုနဲ့ အရင်ဗိုလ် ချုပ်ကြီးဟောင်း ပရာဘိုဝူ ဆူဘီယံတိုတို့ဟာ လူထု စစ်တမ်းတွေအရ လူထုထောက်ခံမှု သိပ်မကွာကြတာ လည်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယံတိုကို အမျိုးသားရေးဝါဒီအဖြစ် လူထုက ထောက်ခံပြီး မြို့တော်ဝန် ၀ီဒိုဒိုကိုတော့ စီမံ အုပ်ချုပ်ရေးမှုကျွမ်းကျင်သူအဖြစ် ထောက်ခံတာလည်း ဖြစ်ပါတယ်။

အင်ဒိုနီးရှား သိပံ္ပတက္ကသိုလ်က နိုင်ငံရေးသုံးသပ်လေ့လာသူ ဖစ်မန် နူးရ် က ရွေးကောက်ပွဲမှာ သမ္မတလောင်း ၂ ဦး မဲရရှိမှု သိပ်မကွာနိုင်ဘူးလို့ ပြောဆိုကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့စီးပွားရေးဟာ နိုင်ငံရဲ့သယံဇာတတွေပေါ်မှာပဲ မှီခိုလွန်းပြီး အရင် အစိုးရတွေဆိုရင် ဒေသခံလူထုရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုတက်အောင် ကြံဆောင်နိုင်မှု သိပ်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

စီးပွားရေးတိုးတက်မှု အမြန်ဆုံးနိုင်ငံတနိုင်ငံ ဖြစ်ခဲ့ပေမယ့် ၂၀၁၄ ခုနှစ်ဟာ ၄ နှစ်အတွင်း စီးပွားရေးအကျဆုံးနှစ် ဖြစ်နေပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ရှိတဲ့ အမေရိကန်ကုန်သည်ကြီးများအသင်း အုပ်ချုပ်မှုဒါရိုက်တာ အင်ဒရူး ၀ှိုက် ကတော့ “ရင်းနှီးမြှုပ်နှံသူတွေဟာ သမ္မတ ဘယ်သူဘယ်ဝါဆိုတာထက် ဘယ်သူက လက်တွေ့ကျကျ ရင်းနှီးမြှုပ်နှံမှုကို အားပေးတယ်။ အရည်အချင်းမီမီ စီမံ အုပ်ချုပ်နိုင်တယ်ဆိုတာကိုပဲ ကြည့်ပါတယ်”လို့ ပြောဆိုပါတယ်။

နိုင်ငံရေးသုံးသပ်သူ နူးရ်ကတော့ “ဘယ်သူပဲ သမ္မတဖြစ်ဖြစ်၊ အင်ဒိုနီးရှားနိုင်ငံ ရဲ့ အဓိကအားနည်းချက်ဖြစ်တဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ နိုင်ငံရေးပြုပြင်ပြောင်း လဲရေးကို အမြန်ဆုံးလုပ်ဆောင်ရမယ်”လို့ ဆိုပါတယ်။

ဒီအားနည်းချက်တွေကြောင့် အစိုးရမူဝါဒတွေ ဘယ်လောက်ပဲကောင်းကောင်း လူထုက အကျိုးမခံစားရတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List