Thursday, July 10, 2014

ယာယီအလုပ်သမားကဒ်ပြုလုပ်ရာတွင် ဖြည့်ရမည့်ဖောင်ပုံစံများ ဝေငှလိုက်ပါတယ်







အလုပ်သမားကဒ်နဲ့ပါတ်သက်လို့ 7Days News မှာ ဘန်ကောက်ပို့စ်ကိုကိုးကားပြီးဖေါ်ပြထားတဲ့ဟာကိုအောက်ပါအတိုင်း


မြင်တွေ့ရနိုင်ပါတယ်၊ အဲ့မှာ ကုန်ကျစရိတ်အသေးစိတ်နဲ့ ကဒ်ရဲ့အကျိုးရှိမှု သက်ရောက် မှူတွေကိုကြည့်ကြပါခင်ဗျား.......

"ယခု နှစ်လသက်တမ်းရှိ ကတ်များထုတ်ပေးရာတွင် ပန်း ရောင်ကတ်အတွက် ထိုင်းဘတ် ငွေ ၈၀၊ ကျန်းမာရေးဆေးစစ်ခ ဘတ်ငွေ ၅၀၀၊ ကျန်းမာရေးအာ မခံလက်မှတ်ဘတ်ငွေ ၅၀၀၊ အလုပ်လုပ်ခွင့်လက်မှတ်ဘတ် ငွေ ၂၂၅ စုစုပေါင်း ဘတ်ငွေ ၁၃၀၅ ကုန်ကျကြောင်း သတင်း ရရှိသည်။ အသက် (၁၈)နှစ် အောက်ကလေးများမှာ အလုပ် လုပ်ခွင့်လက်မှတ်မပါသော ကြောင့် ဘတ်ငွေ ၁၀၈၀ ကုန်ကျ ကြောင်းသတင်းရရှိသည်။

ယခုထုတ်ပေးသောနှစ်လ သက်တမ်းအတွင်း တရားဝင်ပါ မစ်များရရှိအောင် ပြုလုပ်ရမည် ဖြစ်ပြီး နှစ်လသက်တမ်းကျော် လွန်၍ တရားဝင်ပါမစ်မရရှိသေး ပါက ဖမ်းဆီးသွားမည်ဖြစ်ကြောင်းထိုင်းစစ်အစိုးရကကြေညာထား သည်။"

မှတ်ချက်။ ။ ပွဲစားခများကတော့ နေရာဒေသအလိုက် ဈေးအမျိုးမျိုးရှိနေကြ တဲ့အတွက် သူဌေးမရှိသော မရှာနိုင်သော အလုပ်သမားများအနေနဲ့ တကယ့် ကုန်ကျစရိတ်ကိုကြည့်ပြီး ပွဲစားခကိုခန့်မှန်းကုန်ကျစေချင်ပါတယ်

* Min Oo / Facebook မှ ပြန်လည်မျှဝေလိုက်ပါတယ်
ဧရာဝတီ

No comments:

Post a Comment

My Blog List