Monday, July 07, 2014

ပိုလန်နိုင်ငံတွင် လေယာဉ် ပျက်ကျမှုကြောင့် လူ ၁၁ ဦး သေဆုံး


ပိုလန် နိုင်ငံတောင်ပိုင်းမှာ လေထီးခုန်သမားတွေကို တင်ဆောင်ထားတဲ့ လေယာဉ်တစီး ဇူလိုင်လ ၅ ရက်နေ့က ပျက်ကျသွားပြီး လူ ၁၁ ယောက် သေဆုံးဖွယ်ရှိတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါ တယ်။အသက် ၄၀ ၀န်းကျင် တယောက်ကိုတော့ ဇက်စတိုချောဗာ မြို့က ဆေးရုံကို ပို့ထားရတယ်လို့ ပြောပါတယ်။

ညနေ ၄ နာရီလောက်မှာ လေယာဉ်ငယ်ဟာ ရတ်နီကီလေဆိပ်ကနေ ထွက်ခွာပြီး သိပ်မကြာခင်မှာပဲ တိုပိုလိုမြို့နားမှာ ပျက်ကျခဲ့တာလို့ ရဲအဖွဲ့က ပြောခွင့်ရသူကပြောပါတယ်။ မြေပြင်ပေါ်ကို ပျက်ကျခဲ့ပြီးနောက် မီးလောင်မှု ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

လေယာဉ်ပေါ်မှာ လူ ၁၂ ယောက် ပါသွားတဲ့အထဲက တယောက်ပဲ အသက်ရှင်တယ်လို့ ပြောပါတယ်။

ပျက်ကျသွားတဲ့လေယာဉ်ဟာ ပိုက်ပါ လေယာဉ်ကုမ္ပဏီထုတ် ပီအေ-၃၁ နာဗာဂျို လေယာဉ်ဖြစ်ပြီး ပုဂ္ဂလိက လေထီးခုန်ကျောင်းက အသုံးပြုနေ တာဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List