Wednesday, July 09, 2014

ရခိုင်တိုင်းရင်းသားတွေရဲ့ လူစွမ်းအားအရင်းအမြစ် ဖော်ဆောင်ပေးဖို့ တောင်းဆို



ရခိုင်ပြည်နယ်မှာ လူမှုရေးအကူအညီတွေပေးနေတဲ့ ပြည်နယ်အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ရခိုင် တိုင်းရင်းသားတွေရဲ့လူစွမ်းအားအရင်းအမြစ်နဲ့ ဒေသဖွံ့ဖြိုးရေးစီမံချက်တွေကို ပိုမိုအလေးပေးဆောင်ရွက်ပေးဖို့စစ်တွေ မြို့အခြေစိုက် ရခိုင်လူမှုအဖွဲ့အစည်းတွေက ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ဒီကနေ့ တွေ့ဆုံစဉ် တင်ပြလိုက်ပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းဟာ ပြည်နယ်အဆင့် အရေးပေါ် nပူးပေါင်းဆောင်ရွက်ရေး စင်တာ ECC ရုံးခန်းမှာအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံစဉ် တင်ပြခဲ့တာဖြစ်ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ရခိုင်လူမှု ကွန်ရက်က ကိုသူရိန်က အခုလိုပြောပါတယ်။

"ကျနော်တို့ အဓိကအားဖြင့် လိုအပ်နေတာက ဒီရခိုင်ပြည်မှာ ရခိုင်ဒေသခံတွေရဲ့ လူ့စွမ်းအား အရင်းအမြစ်လိုအပ် ချက်ပေါ့လေ လုပ်သားတွေကအစ အဲ့လို ပညာရှင်တွေ လိုအပ်ချက်တွေ အများကြီးရှိနိုင်တယ် အဲ့ဒါကို ဖြစ်တည်လာဖို့ အတွက် ကျနော်တို့ ပါ့ပလစ်စင်တာတွေ ဖွင့်ပေးဖို့ရယ်၊ UN အဖွဲ့အစည်းတွေ၊ NGO တွေလုပ်ပေးဖို့ အတွက်ကိုရော ကျနော် တို့ နှစ်ဖက်စလုံး ပြောတာရှိတယ် ဒီနေ့ဒီလူ့စွမ်းအား အရင်းအမြစ်ကို ကျနော်တို့ အဓိကထားပြီး ပြောဖြစ်တာပါ"

ဒါ့အပြင် စစ်တွေမြို့မှာအခြေစိုက်တဲ့ နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေအကြား အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ဖို့အတွက် အဖွဲ့အစည်းတိုင်းမှာ ပြန်ကြားရေးအရာရှိတွေ ထားပေးဖို့၊ နိုင်ငံတကာလူမှုအဖွဲ့အစည်း ရုံးခန်းတွေ အတွက် စစ်တွေမြို့ပေါ်က လူနေအိမ်တွေကို ငှားရမ်းဖို့မလို အောင် သီးခြားအဆောက်အဦးတွေ ဆောက်လုပ်ပေးဖို့ ကိုလည်း ပြည်နယ် ၀န်ကြီးချုပ်ထံ တင်ပြခဲ့တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ အကောင်အထည်ဖော်ဆောင်ရွက်မယ့် ကျောက်ဖြူအထူး စီးပွားရေးဇုန်ကို ဒေသခံတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီး ဒေသခံတွေရဲ့ သဘောဆန္ဒတွေနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းထံ ကျောက်ဖြူမြို့နယ် ဒေသခံတွေက မနေ့က တင်ပြတောင်း ဆိုခဲ့ပါတယ်။

ကျောက်ဖြူမြို့နယ် ကျေးရွာပေါင်း ၄၂ရွာက ဒေသခံတွေကိုယ်စား ပြည်နယ်ဝန်ကြီးချုပ်နဲ့ မနေ့ကသီးခြားတွေ့ဆုံခဲ့တဲ့ ကျောက်ဖြူဒေသဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးထွန်းကြည်က ပြောပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List