Tuesday, July 08, 2014

ခေါင်းကိုက်ပျောက် အာရုံကြော အကြောဖြေဘီးကုတ်



ခေါင်းကိုက်တာတွေ၊ အာရုံကြော အားနည်းတာ စတဲ့ ဝေဒနာတွေကို နေ့စဉ် ကွန်ပျူတာနဲ့ အလုပ်လုပ်နေ သူတွေအဖို့ ကြုံနေကြပါ။ စိတ်ဖိစီးမှုများပြီး ခေါင်းကိုက်တိုင်း အကိုက်ခဲပျောက်ဆေးတွေ သောက်တာဟာ
ရေရှည်မှာ ဆိုးကျိုးတွေ ရှိပါတယ်။အဲ့ဒီအတွက် ဆေးတွေသောက်နေမဲ့အစား အကြေဖြေဘီးကုတ်တွေက ကုသပေးနိုင်မယ်လို့ ဆိုပါတယ်။


ပင်ပန်းနွမ်းနယ်မှုတွေကြောင့် ခေါင်းကိုက်တဲ့အခါတိုင်းတွေမှာ တပ်ထားလိုက်ရင်ဖြင့်အာရုံကြောတွေကို ဖြေလျှော့ပေးကာ နာရီပိုင်းအတွင်း သက်သာပျာက်ကင်းသွားတယ်လို့ သိရပါတယ်။အဆိုပါ အကြောဖြေ ဘီးကုတ်ဖြင့် အပတ်စဉ် သို့မဟုတ် လစဉ် ပုံမှန်ကုသမှုလုပ်နိုင်ပြီး၊ ခေါင်းကိုက်ဝေဒနာ ၊ စိတ်ဖိစီးမှုတွေ သိသိသာသာ လျော့ပါးသွားစေပါလိမ့်မယ်။

ဒါ့အပြင် အိမ်ရာမ၀င်မီ ၄င်းဘီးကုတ်ကို မီနစ် (၂၀) ခန့် တပ်ဆင်ခြင်းဖြင့် ညစဉ် ဦးနှောက်ဖြေလျော့မှုများ လုပ်ဆောင်လို့လဲ ရပါတယ်။

အကျိုးကျေးဇူးကတော့ ဆေးဝါးအသုံးပြုမှုကို ၃၇ ရာခိုင်နှုန်းခန့် လစဉ် လျော့ကျသွားနိုင်ပါတယ်။

စတာလင်ပေါင် 295 ခန့် တန်ဖိုးရှိတဲ့ ယင်းအကြောဖြေဘီးကုတ်များကို အင်္ဂလန်နိုင်ငံတွင်ပဲ ရရှိသေးပြီး၊မကြာမီတွင် အနောက်ဥရောပနိုင်ငံတွေကို ဖြန့်ချီရောင်းချသွားမယ်လို့ သိရပါတယ်။

landscapeMyanmar

No comments:

Post a Comment

My Blog List