Monday, July 07, 2014

(၅၂) နှစ်မြောက် ဆဲဗင်းဂျုလိုင် အောက်မေ့ဖွယ်အခမ်းအနား ကျောင်းသား သမဂ္ဂ အဆောက်အဦးဟောင်းရှေ့၌ ကျင်းပ







(၅၂)နှစ်မြောက် ဇူလိုင် ၇ ရက်နေ့ အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ်အတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အဦးဟောင်းရှေ့တွင် ကျင်းပခဲ့ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ်နှင့် လူ့ဘောင်သစ်လူငယ်တို့က ဦးဆောင်၍ ကျဆုံးသွားသော ကျောင်းသားများအတွက် အလေးပြုခြင်း၊ ပန်းခွေချခြင်းများကို ပြုလုပ်ခဲ့သည်။

၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်က ကျဆုံးသွားသော ကျောင်းသားဟောင်းများအတွက် ရန်ကုန်တက္ကသိုလ် အတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အဦးဟောင်းရှေ့တွင် အခမ်းအနားပြုလုပ်ခြင်းသည် နှစ်ပေါင်း ၅၂ နှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခွင့်ရရှိခြင်း ဖြစ်သည်။ ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်နှင့် လူ့ဘောင်သစ်လူငယ်တို့က ကျောင်းသားများနှင့် ၇၄၊ ၇၅၊ ၇၆ ခုနှစ်တို့က ကျောင်းသားဟောင်းများ စုစုပေါင်း ၁၅၀ ခန့်သည် ရန်ကုန်တက္ကသိုလ် စိုက်ပျိုးရေး မှတ်တိုင်ရှေ့မှ စတင်၍ ရန်ကုန်တက္ကသိုလ်အတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အဦးဟောင်းရှေ့တွင် လမ်းလျှောက်ဆန္ဒပြ အခမ်းအနား ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

" ကျောင်းသားတွေအတွက် ဒီနေ့ဟာ သွေးစွန်းတဲ့နေ့ကြီးပါ။ ဒီနေ့ကို ဘယ်လိုမှမေ့မရလို့ လာပြီးဆန္ဒပြု တာပါ"ဟု (၅၂)နှစ်မြောက် ဇူလိုင် ၇ ရက်နေ့ အောက်မေ့ဖွယ် အခမ်းအနားကို ကဝမြို့မှ လာရောက်သော ၁၉၇၀ ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်း ဆရာချစ်(ကဝ)က ပြောသည်။

အဆိုပါ အခမ်းအနား ပြုလုပ်ခြင်းကို သက်ဆိုင်ရာ အာဏာပိုင်များထံ ခွင့်ပြုချက်တင်၍ လုပ်ဆောင် မဟုတ်ကြောင်း သတင်းရရှိသည်။ ထိုသို့ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှုး မောင်မောင်ဦးထံ မေးမြန်းရာ ခွင့်ပြုချက် လာရောက်တင်ခြင်းမရှိကြောင်း၊ ဥပဒေနှင့်ညိစွန်းကြောင်း၊ အရေးယူသွားရန်ပြောနိုင်ခြင်း မရှိသေးကြောင်း ပြောဆိုသည်။

(၅၂)နှစ်မြောက် ဇူလိုင် ၇ ရက်နေ့ အောက်မေ့ဖွယ်အခမ်းအနားကို ယနေ့ နေ့လည် ၂ နာရီအချိန်တွင် အင်းလျားကန်ဘောင်၌လည်း အောက်မေ့ဖွယ်အခမ်းအနားများ ပြုလုပ်သွားကြမည်ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List