Thursday, July 10, 2014

မန္တလေးမြို့ခံ တရုတ်လူမျိုးများ ထိန်းထိန်းသိမ်းသိမ်းနေရန် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း လမ်းညွှန်မှာကြား


မန္တလေးမြို့တွင် မြန်မာ− တရုတ် လူမျိုးရေးအငြင်းပွားမှုများရှောင်ရှားနိုင်စေရေးအတွက် မြို့ခံတရုတ် လူမျိုး များအား အနေအထိုင်ထိန်းသိမ်းရန် လမ်းညွှန်ထားကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌကပြောကြားသည်။

ယခုလ ၂ရက် ညပိုင်းအချိန်က ဖြစ်ပွားခဲ့သည့် အစ္စလာမ်ဘာသာနှင့် ဗုဒ္ဓဘာသာဝင်များအကြား ဘာသာ ရေး၊ လူမျိုးရေးပဋိပက္ခများကဲ့သို့ မြန်မာ-တရုတ် လူမျိုးရေးအငြင်းပွားမှုများထပ်မံဖြစ်ပွားလာစေခြင်း မရှိစေ ရန် မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်းအနေဖြင့် မြို့နေ တရုတ်လူမျိုးများ အနေ အထိုင်၊ အသွားအလာ၊ အပြုအမူများဆင်ခြင်ကြရန်၊ သတိပြုကြရန် လမ်းညွှန်မှုများပြုလုပ်နေကြောင်း ဦးပိုမြင့် က ပြောသည်။

‘‘အများကြားထဲမှာ တရုတ်စကားနဲ့ ပြောဆိုကြတာတို့၊ကျူံး ဘေးမှာ ထိုက်ချိချွမ်ကစားတာတို့က တချို့လူတွေ ရဲ့ မျက်လုံးထဲမှာ အမြင်စောင်းစေတယ်။ အဲဒီလိုတွေမလုပ်ဘဲ ဆင်ခြင်ကြ ဖို့ အသင်းဝင်တွေကို ပြောထား တယ်’’ဟု ဦးပိုမြင့်ကပြောသည်။

အသင်းဝင်များမှ တစ်ဆင့် မြို့ခံတရုတ်လူမျိုးအသိုင်းအ၀ိုင်း တစ်ခုလုံးကို ခြုံမိစေရန် ထပ်ဆင့် စည်းရုံးကြရ မည်ဖြစ်ကြောင်း မြန် မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)မှ တာဝန်ရှိသူများက ယခု လ ၇ ရက်က ပြုလုပ်ခဲ့သည့်အသင်း အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း ၎င်းက ပြန်လည်ပြောပြသည်။

အငြင်းပွားမှုများဖြစ်လာစေ ရန် လှုံ့ဆော်သူများရှိသည့်တိုင် မြန်မာ-တရုတ် လူမျိုးရေးပြဿ နာများ ဖြစ်လာလိမ့် မည်မဟုတ် ကြောင်း မန္တလေးမြို့မှ အသက်(၆၀)ကျော်အရွယ်တရုတ်လူမျိုး ဦးခင်အာင်က ပြောသည်။

‘‘ဘယ်နေရာဖြစ်ဖြစ်အဖျက် သမားကတော့ ရှိနေမှာပဲ။ ဖြစ်မယ်ဆိုရင်လည်း လူကြီးပိုင်းဆိုင်ရာတွေက အကုန်ဝိုင်းထိန်းကြမှာပဲ။ ဘယ်လိုမှဖြစ် မလာနိုင်ဘူးလို့ ထင်တယ်’’ဟု ၎င်းကပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးမြန် မာ-တရုတ်ချစ်ကြည်ရေးအသင်း၏ သက်တမ်းမှာ တစ်နှစ်ကျော်ခဲ့ ပြီဖြစ်ပြီးလက်ရှိအချိန်တွင် အသင်းဝင်ပေါင်းတစ်ရာကျော် 
ရှိနေ ကြောင်း ယင်းအသင်းမှတ်တမ်းများမှ သိရသည်။

7Day Daily

No comments:

Post a Comment

My Blog List