Wednesday, July 09, 2014

တရုတ်သမ္မတနှင့် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် တွေ့ဆုံ


တရုတ်သမ္မတ ရှီကျင့်ပင်းဟာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်မ်ယောင်ကင်မ်နဲ့ ပီကင်းမြို့တော်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က တွေ့ဆုံပါတယ်။တရုတ်သမ္မတ ရှီကျင့်ပင်းက တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ် ဟာ အရေးကြီးတဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်ပြီး ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနဲ့ တရုတ် လူမှုနဲ့စီးပွား ဖွံ့ဖြိုး တိုးတက်ရေးအတွက် တက်ကြွတဲ့ အခန်းကဏ္ဍမှာ ပါတယ်လို့ ပြောပါတယ်။

ဒါအပြင် တရုတ်နဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးချဲ့နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါ တယ်။တရုတ်ဟာ ကမ္ဘာ့ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနဲ့ ကမ္ဘာ့ဘုံကြွယ်ဝရေး တိုးမြှင့်မယ့်ကမ္ဘာ့ဘဏ် ရဲ့အားထုတ်မှုတွေကို ဆက်ပြီး ပံ့ပိုးသွားမယ်လို့လည်း ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌကတော့ တရုတ်နဲ့ ကမ္ဘာ့ဘဏ်တို့ဟာ ကျန်ခဲ့တဲ့ နှစ် ၃၀ အတွင်း အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ပြီးပြီလို့ ပြောပါတယ်။

ကမ္ဘာ့ဘဏ်ဟာ တရုတ်နိုင်ငံရဲ့ မြို့ပြဖြစ်ထွန်းမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ ပြုပြင်ပြောင်းလဲ မှုတွေမှာ ပါဝင်ဖို့ ဆန္ဒရှိနေပြီး တရုတ်နဲ့ အမြင် ဖလှယ်မှုတွေ၊ ပူးပေါင်း ဆောင်ရွက်မှုတွေအတွက် အကြီး အကျယ် အာရုံစိုက်နေပါတယ်။ 

DVB

No comments:

Post a Comment

My Blog List