Wednesday, July 09, 2014

အင်ဒိုနီးရှားရွေးကောက်ပွဲ သမ္မတလောင်း ဂျိုကိုဝီ မဲအသာရနေ


ဒီနေ့ ကျင်းပတဲ့ အင်ဒိုနီးရှား သမ္မတ ရွေးကောက်ပွဲမှာ မဲအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကို နေ့ချင်းပြီး ရေတွက် ပြီးချိန်မှာ ပြိုင်ဘက်ထက် ၅ ရာခိုင်နှုန်း ၀န်းကျင်နဲ့ မဲပိုရတယ်လို့ သမ္မတလာင်း ဂျာကာတာမြို့တော်ဝန် ဂျိုကိုဝီက ကြေညာပါတယ်။

“အခုအထိ ရလဒ်တွေကို ကြည့်ရင် ဂျိုကိုဝီနဲ့ ဂျေကေ(ဂျိုကိုဝီရဲ့ တွဲဖက် ဒုတိယသမ္မတလောင်း)တို့ အနိုင်ရနေပါတယ်” လို့ ဂျိုကိုဝီက ဂျာကာတာမှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒီအရေအတွက်အတိုင်းဆိုရင် တိုက်ရိုက်မဲပေးစနစ်နဲ့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ၃ ကြိမ်မှာ အနိုင်အရှုံး ကွာဟမှုအနည်းဆုံး ရလဒ်ဖြစ်ဖွယ် ရှိပါတယ်။

ဒါကြောင့် နောက်ဆုံး ရလဒ်ကို ကြေညာတဲ့အချိန်မှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာ နိုင်တာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ မဲပေးချိန်မှာတော့ အကြမ်းဖက်မှုတွေပေါ်ပေါက်တဲ့ သတင်းတွေတော့ မရှိပါဘူး။

အရင် ရွေးကောက်ပွဲတွေတုန်းကလည်း အကြိုရေတွက်ထားတဲ့ရလဒ်တွေဟာ ယုံကြည်စိတ်ချရ တဲ့ ရလဒ်တွေ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ် တရားဝင် ရလဒ်တွေကိုတော့ နောက်ထပ် နှစ်ပတ်အကြာမှာ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာဖွယ် ရှိပါတယ်။

မဲပေးချိန် ၆ နာရီအပြီးမှာ မဲရုံက ထွက်လာတဲ့လူတွေထဲက ၈ ထောင်ကျော်ကို ကျပန်း မေးမြန်းချက်တွေအရ ဂျကာတာ မြို့တော်ဝန် ဂျိုကိုဝီဒိုက ၄၅ ဒသမ ၁ ရာခိုင်နှုန်း၊ ဗိုလ်ချုပ်ဟောင်း ပရာဘိုဝိုက ၄၂ ဒသမ ၂ ရာခိုင်နှုန်းနဲ့ မြို့တော်ဝန်က နှာတဖျား အသာရနေတာကို ပြသနေပါတယ်။

DVB

No comments:

Post a Comment

My Blog List