Wednesday, July 09, 2014

2 NE1 အဖွဲ့ ဖျော်ဖြေမှု လက်မှတ် ဈေးနှုန်းသည် ငွေကျပ် ကိုးသိန်းဖြစ်ပြီး ပွဲစီစဉ်သူ ပြောင်းလဲ


မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လာရောက် ဖျော်ဖြေမည့် ကိုရီးယားနိုင်ငံက K-Pop အဖွဲ့ဖြစ်သည့် 2NE1 အဖွဲ့၏ ဖျော်ဖြေမှုအတွက် ဝင်ကြည့်ရမည့် ရုံဝင်ကြေး အမြင့်ဆုံးဈေးနှုန်းသည် ငွေကျပ်ကိုးသိန်း ဖြစ်သည်ဟု Living Sound Entertainment မှ ပြောခွင့်ဆိုခွင့်ရှိသူMr. Jaw maram က ပြောကြားလိုက်သည်။


ယခင်က2NE1 အဖွဲ့၏ ဖျော်ဖြေမှုကို Bo Bo Music Production နှင့် Samsung Myanmar တို့ ပူးပေါင်း စီစဉ်သော်လည်း အခက်အခဲ အမျိုး မျိုးကြောင့် မအောင်မြင် ခဲ့ခြင်းကြောင့် Living Sound Entertainment မှ ဆက်လက် ဆောင်ရွက်လာခြင်းဖြစ်သည်။ ယင်းအပြင် ယခင်က အွန်လိုင်းပေါ် တွင် နာမည်ကြီးခဲ့သည့် လက်မှတ်ဈေးနှုန်း ၁၅ သိန်းသည်လည်း ကောလ ဟလသာ ဖြစ်သည်ဟု Living Sound Entertainment မှ ပြောခွင်ဆိုခွင့် ရှိသူMr. Jaw maram က ထပ်မံပြောကြားလိုက်သည်။

အဆိုပါ ဖျော်ဖြေပွဲကို 2NE1 In Myanmar Galaxy Stage အမည်ဖြင့်သာ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ လူငယ်အများ ကြိုက်နှစ်သက်နေသည့် အဆိုတော် မိန်းကလေး တစ်ဦးနှင့် ယောကျာင်္းလေးနှစ်ဦး တို့သည်လည်း ပါဝင်ဖျော်ဖြေသွားမည် ဖြစ်ပေသည်။ ယင်းဖျော်ဖြေ တင်ဆက်မှုတွင် ကိုရီးယားနိုင်ငံမှ 2NE1 အဖွဲ့အပြင် တခြား အကအဖွဲ့ ၅ဝ ခန့် လာရောက် ဖျော်ဖြေမည်ဖြစ် သည်။

“ အစတုန်း ကတော့ သူတို့က စီစဉ်ပေမယ့် ကိုရီးယားဘက်က လိုချင်တဲ့ ပုံစံတွေကို သူတို့ဘက် မလုပ်ပေးနိုင်ဘူး။ ကျွန်တော်လည်း အကုန်တော့ မလုပ်ပေးနိုင်ပါဘူး။ ဒါပေမယ့် အတတ်နိုင်ဆုံးတော့ ဖြစ်အောင် လုပ်ဆောင်ပေးတယ်။ ဘာဖြစ် လို့လည်းဆိုတော့ သူတို့လာတာ အောင်မြင်သွားမှ နောက်ထပ် အဖွဲ့တွေ ဆက်လက်ပြီးတော့ လာနိုင်မှာမို့လို့ပါ။ ဒါကြောင့် ဒီ2NE1 အဖွဲ့ လာရောက် သီဆိုတာ အောင်မြင်အောင် ကျွန်တော်က အများကြီး အကုန်အကျခံပြီးတော့ ဆက်လက် လုပ် ဆောင် နေတာပါ။ ဒီပွဲဖျော်ြေုဖမယ့်နေရာကို အတိအကျ မပြောနိုင်သေးပါဘူး။ပွဲနီးမှကြေငြာမှာပါ” ဟုပြော သည်။

ယခုလို ပြည်ပမှ နာမည်ကြီး အနုပညာ အဖွဲ့များ လာရောက် ဖျော်ဖြေကြခြင်း သည် မြန်မာနိုင်ငံကို ပြောင်းလဲစေချင်သည့် ရည်ရွယ်ချက် ဖြစ်ပြီး ယခု ပွဲအောင်မြင်ပါက တခြားနိုင်ငံများမှ အဆိုတော်များလည်း လာရောက်ဖျော်ဖြေ ကြမည်ဖြစ်သည်။

ကိုရီးယားနိုင်ငံမှ 2NE1 အဖွဲ့ လာရောက် ဖျော်ဖြေခြင်းသည် သြဂုတ် ၂ ရက်နေ့ ဖြစ်သော်လည်း သုဝဏ္ဏမိုးလုံ လေလုံ အားကစားကွင်း ၌ ဖျော်ဖြေမည် မဟုတ်ဘဲ ရန်ကုန်မြို့ရှိ အထင်ကရ နေရာတစ်ခုတွင် ည ၇ နာရီမှ ၁ဝ နာရီအထိ ကျင်းပသွားမည် ဖြစ်ပြီး လက်မှတ်ဈေးနှုန်းများသည် ၂၅ဝဝဝ ၊ ၄ဝဝဝဝ ၊ ၂၅ဝဝဝဝ ၊ ၅ဝဝဝဝဝ ၊ ၇ဝဝဝဝဝ နှင့် ၉ဝဝဝဝဝ တို့ဖြစ်ပြီး Living Sound Entertainment  အွန်လိုင်းတွင် Pre Order အနေဖြင့် စတင် လက်ခံလျက် ရှိပြီး ဇူလိုင် ၂၁ ရက်တွင် လက်မှတ် ရောင်းချမည့် နေရာများကို အသိပေး ကြေညာ သွားမည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List