Monday, July 07, 2014

မန္တလေးပဋိပက္ခ ၀ိုင်းဝန်းတားဆီးပေးရန် စာပေအနုပညာရှင်များ ပန်ကြားလွှာထုတ်


မန္တလေးမြို့တွင်ဖြစ်ပွား နေသည့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများကို မြို့သူမြို့သားများ၊ ဒေသခံ အာဏာ ပိုင်အဖွဲ့အစည်းများနှင့် ရဟန်းသံဃာတော်များ ၀ိုင်းဝန်းထိန်းသိမ်းပေးကြ ရန်မြို့ခံ စာပေအနုပညာရှင် များက မေတ္တာရပ်ခံ ပန်ကြားလွှာတစ် စောင်ထုတ်ပြန်ခဲ့ကြောင်းသတင်း ရရှိသည်။
ကမ္ဘာကျော်အောင် ယဉ် ကျေးဖွယ်ရာဖြစ်ခြင်း၊ ဘာသာ ပေါင်းစုံညီညွတ်စွာငြိမ်းငြိမ်းချမ်း ချမ်းနေထိုင်ကြခြင်း ဟူသောမန္တ လေးမြို့၏ အစဉ်အလာကောင်းများကို မြို့သူမြို့သားများအနေ ဖြင့် ဆက်လက်ထိန်းသိမ်းကြစေ ရန်၊ မြို့တည်ငြိမ်မှုပျက်ပြားစေသည့် အုပ်စုဖွဲ့အကြမ်းဖက်မှုများကို သက်ဆိုင်ရာအာဏာပိုင်အ ဖွဲ့အစည်း များက ဥပဒေနှင့်အညီ ချက်ချင်းအရေးယူပေးရန်၊ ပဋိပက္ခဖြစ်စဉ်များတဖြည်းဖြည်းကြီး ထွားလာပြီး မီးဟုန်း ဟုန်းတောက် မည့်ဘေးမှ ကင်းဝေးစေရန် သံဃာတော်အရှင်သူမြတ်များက နှစ် ဖက်ညှိနှိုင်းဆောင် ရွက်ပေးရန် အစရှိသည့် အချက်သုံးချက်ပါဝင်သည့် အထူးမေတ္တာရပ်ခံပန်ကြားလွှာကို ယခုလ ၅ ရက်က ထုတ်ပြန်ခဲ့ကြောင်းမန္တလေးမြို့မှ စာရေးဆရာ ဆူးငှက်က ပြော ကြားသည်။

‘‘မန္တလေးကို ချစ်မြတ်နိုးကြတဲ့ စာပေအနုပညာရှင်တွေအားလုံးရဲ့ ဆန္ဒနဲ့ထုတ်တာပါ။ မန္တ လေးမှာရှိတဲ့ တစ်စိတ်တစ်ဝမ်းတည်းသော စာရေးဆရာတွေရဲ့ ဆန္ဒပါ။ မီးတောက်ကြီးထဲမှာရေ တစ်စက်ပင်ဖြစ်သော် လည်းငြိမ်း အေးစေချင်တဲ့ ဆန္ဒနဲ့လုပ်တာပါ’’ ဟု ဆရာဆူးငှက်ကထည့်သွင်း ပြောသည်။

မန္တလေးယဉ်ကျေးမှုကို အ ခြေခံပြီး စာပေရေးသားနေကြသည့် မြို့ခံစာပေအနုပညာရှင်များမှာ ယခုဖြစ် ပွားနေသည့်ဖြစ် ရပ်များနှင့် ပတ်သက်၍ များစွာစိတ်မကောင်းဖြစ်ရသည့်အတွက်  ယခုကဲ့သို့ တစ်ထောင့် တစ်နေရာမှ ၀င်ရောက်ပါဝင်ရခြင်းဖြစ် ကြောင်း၊ မန္တလေးမြို့တွင်လက်ရှိ ရေးသားနေကြသည့် စာရေးဆရာ ကြီးများအားလုံးနီးပါးပါဝင်ပြီး ယ ခုမေတ္တာရပ်ခံချက်ကိုထုတ်ပြန်ရ ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

၁၉၃၈တွင် လွတ်လပ်ရေး တိုက်ပွဲ၊ ၁၉၃၉ခုနှစ်တွင် ၁၃၀၀ ပြည့် အရေးတော်ပုံ၊ ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးများဖြစ်ပွားခဲ့စဉ်က မန္တလေးမြို့ခံဘာသာ ပေါင်းစုံအားလုံးလက်တွဲ၍ နိုင်ငံ နှင့် လူမျိုး အတွက်လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့ကြသည့် အစဉ်အ လာကောင်းများ ရှိခဲ့ကြောင်း၊ ယခု ဒီမိုကရေစီနိုင်ငံ သစ်တည် ဆောက်နေသည့်အရေးကြီးသော ကာလအတွင်းတွင် ယင်းတည် ဆောက်ရေး လုပ်ငန်းများကို လမ်းလွဲစေသည့် မည်သည့်ပဋိပ က္ခမျိုးကိုမဆို သဘောထားကြီးစွာ ညှိနှိုင်းဖြေရှင်းကြရန် မြို့ခံစာပေအနု ပညာရှင်များထုတ်ပြန်ထားသည့် မေတ္တာရပ်ခံပန်ကြားလွှာ တွင် ထည့်သွင်းဖော်ပြထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List