Wednesday, July 09, 2014

ဂျပန်တွင် တိုက်ဖုန်းမုန်တိုင်းကြောင့် ၂ ဦး သေဆုံး


ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းမှာ အားပြင်းတဲ့ တိုင်ဖုန်းမုန်တိုင်းကြောင့် ၂ ဦး သေဆုံးပြီး ရေကြီးမယ့် အခြေ အနေကို စိုးရိမ်နေရပါတယ်။နီအိုဂူရီလို့ နာမည်ပေးထားတဲ့ တိုင်ဖုန်းမုန်တိုင်းဟာ ဒီနေ့မှာ ၁ နာရီ မိုင် ၁၀၀ နှုန်းနဲ့ တရုတ်ပင်မကျွန်းပေါ်ကို ဦးတည်နေပြီး မိုးသည်းထန်တာက အဓိက စိုးရိမ်စရာကိစ္စ ဖြစ်တယ်လို့ မိုးလေ၀သခန့်မှန်းချက်တွေက ဆိုပါတယ်။

အိုကီနာဝါမှာ မကြုံဖူးတဲ့ မိုးသည်းထန်မှုအတွက် သတိပေးထားပြီး မြစ်တွေရဲ့ တချို့ အစိတ်အပိုင်းတွေလည်း မြစ်ရေလျှံနေပါတယ်။

လူပေါင်း ၂ သိန်းလောက် အိုးအိမ်တွေကနေ စွန့်ခွာပြီး ဘေးလွှတ်ရာမှာ နေကြဖို့ သတိပေးထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့ကတော့ လူ ၅ သိန်းအထိ ဘေးလွှတ်ရာမှာ ရှောင်ကြဖို့ သတိပေးခဲ့တာ ဖြစ်ပါ တယ်။

နီအိုဂူရီ မုန်တိုင်းဟာ အရှေ့တရုတ်ပင်လယ်ကို ဖြတ်သန်းပြီး မြောက်ပိုင်းကို ဆက်လက် ရွှေ့လျားနေပြီး လာမယ့် ဇူလိုင် ၁၀ ရက်နေ့မှာတော့ ဂျပန်နိုင်ငံရဲ့ ပင်မကျွန်းဖြစ်တဲ့ ဟွန်ရှုး ကျွန်းဆီကို ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

ဂျပန်မှာ လွန်ခဲ့တဲ့ ၃ နှစ်က ငလျင်နဲ့ ဆူနာမီဘေးကြာင့် ဖူကူရှီမား ဒိုင်အာချီ နျူးကလီးယား စက်ရုံ မတော် တဆမှု ဖြစ်ပြီးကတည်းက တနိုင်ငံလုံးမှာ ရှိတဲ့ နျူးကလီးယား ဓာတ်ပေါင်းဖို ၄၈ ခုစလုံးကို ပိတ်ထားပြီး ဖြစ်ပါတယ်။

မုန်တိုင်းအရှိန်ကြောင့် လာမယ့် ဇူလိုင် ၁၁ ရက်နေ့မှာ မြို့တော်တိုကျိုမှာ မိုးသည်းထန်မယ်လို့ မိုးလေ၀သ ဌာနက ခန့်မှန်းထားပေမယ့် စိုးရိမ်ဖွယ် မရှိဘူးလို့ ဆိုပါတယ်။

ဂျပန်မှာ နှစ်စဉ် တိုင်ဖုန်းမုန်ုတိုင်း ၄ ကြိမ် ၀င်ရောက်လေ့ ရှိပြီး ဇူလိုင်လ မှာတော့ အရင်က ကြုံရလေ့ မရှိ ဘူးလို့ သိရပါတယ်။

DVB

No comments:

Post a Comment

My Blog List