Monday, July 07, 2014

အားပြင်း စူပါတိုင်ဖွန်းမုန်တိုင်း ဂျပန်ကို ဇူလိုင် ၈ ရက် ၀င်မည်ဟုဆို


ဆယ်စုနှစ်တွေကြာမှ တကြိမ်ဖြစ်တတ်တဲ့ အားပြင်းတဲ့ စူပါတိုင်ဖွန်းမုန်တိုင်းဟာ လာမဲ့ ဇူလိုင် ၈ ရက်နေ့ မှာ ဂျပန်နိုင်ငံတောင်ပိုင်းကို ၀င်ရောက်တိုက်ခတ်ဖို့ ရှိပါတယ်။ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းကို ဖြတ်ပြီး ဂျပန်မြောက်ပိုင်း ကျွန်းတွေဆီ ဦးတည်ရွေ့ လျားနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ကမ်းလွန်ပင်လယ်ပြင်မှာ ၁ နာရီ မိုင် ၁၅၀ နှုန်းနဲ့ တိုက်ခတ်နေပြီး ဇူလိုင် ၈ ရက်နေ့ ဂျပန်ကျွန်းတွေပေါ် ၀င်ရောက်ချိန် ပိုပြီး အားကောင်းလာမယ်လို့ ဂျပန်မိုးလေ၀သဌာနက သတိပေးထား ပါတယ်။

ဒါကြောင့် အိုကီနာဝါကျွန်းနေ လူထုကို မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင် ထားဖို့ တိုက်တွန်းထားပါတယ်။

ဂျပန်နိုင်ငံတောင်ပိုင်းမှာ နျူးကလီယား ဓာတ်ပေါင်းဖိုတွေတော့ မရှိပါဘူး။ ဂျပန်နိုင်ငံကို ၁ နှစ်မှာ တိုင်ဖွန်း မုန်တိုင်း ၂ ကြိမ်ကနေ ၄ ကြိမ်အထိ ၀င်ရောက်လေ့ရှိပေမယ့် အခုလို ဇူလိုင်လမျိုးမှာ ၀င်ရောက်လေ့ မရှိ ဘူးလို့ သိရပါတယ်။

DVB

No comments:

Post a Comment

My Blog List