Thursday, July 10, 2014

ရွေးကောက်ပွဲ အငြင်းပွားမှုကြောင့် သမ္မတလောင်းတွေကို အင်ဒိုသမ္မတ ဆင့်ခေါ်



အင်ဒိုနီးရှား ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြတဲ့ သမ္မတလောင်း ကိုယ်စားလှယ်နှစ်ဦးဖြစ်တဲ့ Joko Jokowi Widodo နဲ့ Prabowo Subianto တို့ကို အင်ဒိုနီးရှား သမ္မတ Susilo Bambang Yudhoyono က ဆင့်ခေါ်လိုက်ပါတယ်။
လက်ရှိ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တိုင်းပြည်တွင်းမှာ ဖြစ်နေတဲ့ အငြင်းပွားစရာတွေကို စကားပြောဆို ဆွေးနွေးဖို့ အတွက် ဆင့်ခေါ် လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ တုန်းက ထွက်လာတဲ့ ရွေးကောက်ပွဲ ရလဒ်တွေအရ သမ္မတ လောင်းနှစ်ဦး စလုံးက သူတို့ အနိုင်ရကြောင်း ပြောဆိုနေကြ တာဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ မဲထည့်နိုင်တဲ့ အရေအတွက်ဟာ သန်းပေါင်း ၁၉၀ နီးပါး မှတ်ပုံတင် သွင်းခဲ့တဲ့ပါတယ်။

အခုလို အငြင်းပွားစရာ ဖြစ်နေတဲ့ ရွေးကောက်ပွဲ ရလဒ် အခြေအနေ တွေကြောင့် ပြည်တွင်း ပဋိပက္ခတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် အင်ဒိုနီးရှားသမ္မတနဲ့ အင်ဒိုနီးရှား လုံခြုံရေးဆိုင်ရာဝန်ကြီး Djoko Suyanto က ပြည်သူတွေကို ဆူပူမှုတွေ မလုပ်ကြဖို့ကိုလည်း တောင်းဆို ထားပါတယ်။

ABC

No comments:

Post a Comment

My Blog List