Tuesday, July 08, 2014

လွတ်လပ်ရေးနေ့ ပိတ်ရက်များအတွင်း ချီကာဂိုတွင် သေနတ်ပစ်မှုများကြောင့် လူ(၁၄)ဦးထိ သေဆုံး



လွတ်လပ်ရေးနေ့ ပိတ်ရက်များအတွင်း ချီကာဂိုတွင် သေနတ်ပစ်မှုများကြောင့် လူ(၁၄)ဦးထိ သေဆုံးခဲ့ကြောင်း သိရှိရ သည်။ အမေရိကန်နိုင်ငံ၏ လူဦးရေ တတိယ အထူထပ်ဆုံး မြို့ကြီးတွင် ဇူလိုင်(၄)ရက် နောက်ပိုင်း သီတင်းပတ် ကုန်ထိ ပိတ်ရက်များအတွင်း ပစ်ခတ်မှု (၈၂)ကြိမ် ဖြစ်ပွားပြီး လူ(၁၄)ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။ ချီကာဂိုမြို့၏ လမ်းမများပေါ် တွင် ရဲတပ်ဖွဲ့ဝင်များ အရေအတွက် တိုးမြှင့်ဖြန့်ကျက်ကာ လုံခြုံရေး ယူထားသော်လည်း သေနတ်ပစ်မှုများ မပေါ်ပေါက် လာအောင် မတားဆီးနိုင်ခဲ့ချေ။
နယူးယော့ခ်နှင့် ဒက်ထရိုက်တို့တွင် လွတ်လပ်ရေးနေ့ ပိတ်ရက်ကာလအတွင်း စုစုပေါင်း သေနတ်ပစ်ခတ်မှု (၄၆)ကြိမ်မျှသာ ရှိခဲ့သည်။ ချီကာဂို ရဲတပ်ဖွဲ့မှ အကြီးအကဲ ဂယ်ရီ မက္ကာသီက “ပိတ်ရက်ကာလမှာ လမ်းတွေထဲကို ကျွန်တော်တို့ရဲ့ အရာရှိတွေ ရာနဲ့ချီပြီး စေလွှတ် စောင့်ကြပ်ခိုင်းခဲ့တယ်။ ကံဆိုးစွာနဲ့ပဲ ပစ်ခတ်မှုတွေ၊ လူသတ်မှုတွေ အများကြီး ဖြစ်ခဲ့တယ်”ဟု ပြောကြားခဲ့သည်။

လက်နက်ကိုင် ရမ်းကားပစ်ခတ်မှုများကြောင့် အမေရိကန် လွတ်လပ်ရေးဖြစ်သည့် ဇူလိုင်(၄)ရက် တစ်နေ့တည်းတွင်ပင် လူ(၈)ဦး သေဆုံးပြီး သီတင်းပတ်ကုန်ထိ အတောအတွင်း နောက်ထပ် (၆)ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ချီကာဂိုမြို့တော်ဝန် ရမ်းဟ်အီမန်နျူရယ်လ်က “လွတ်လပ်ရေးနေ့ ပိတ်ရက်ကာလမှာ ပစ်ခတ်မှုတွေ၊ သတ်ဖြတ်မှုတွေ ခုလိုမျိုး ထူပြောနေတာက ဘယ်လိုမှ လက်ခံလို့မရတဲ့ အခြေအနေပဲ”ဟု ဝေဖန်ခဲ့သည်။ ချီကာဂိုတွင် (၂၀၁၃)ခုနှစ် အတွင်းက လူသတ်မှု (၄၁၅)မှု ဖြစ်ပွားခဲ့ပြီး အမေရိကန်၏ အဓိက မြို့ကြီးအားလုံးတွင် အရေအတွက် အမြင့်ဆုံးအဖြစ် ရပ်တည်ခဲ့သည်။

Ref: ABCnews
7Day News Journal

No comments:

Post a Comment

My Blog List