Thursday, July 10, 2014

မန္တလေးမြို့ ၏ လုံခြုံရေး ယူထားသော ယာဉ်တန်းများ ပြောင်းရွှေ့ မြို့အခြေ အနေအေးချမ်းလာပြီး ညမထွက်ရအမိန့် ဖောက်ဖျက်သူများကိုသာ အရေးယူလျက်ရှိ


မန္တလေးမြို့တွင် ညမထွက်ရအမိန့် ပုဒ်မ-၁၄၄ထုတ် ပြန်ပြီးကတည်းက မြို့နေလူထုလုံခြုံ ရေးအတွက် တာဝန်ယူရန်ရောက်ရှိ နေသည့် သံချပ်ကာကားများနှင့် စစ်ကားများသည် မူလနေရာယူထားသည့်နေရာမှ ဇူလိုင် ၉ရက် နေ့လယ်ပိုင်းတွင် ပြောင်းရွှေ့သွားကြောင်း သိရသည်။ 

လုံခြုံရေးယာဉ်များ ပြောင်းရွှေ့သွားသည်ကိုတွေ့ရသဖြင့် မြို့အခြေအနေမှာ တည်ငြိမ်အေးချမ်းလာပြီ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ပြီးခဲ့သည့်ဇူလိုင် ၁ရက်နှင့် ၂ ရက်ညများတွင် ရုန်းရင်းဆန်ခတ်မှု များဖြစ်ပေါ်ခဲ့သောကြောင့် အများ ပြည်သူအသက်အိုး အိမ်စည်းစိမ်လုံ ခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာ ရေး၊ တရားဥပဒေ စိုးမိုးရေး တို့ကို ရှေးရှု၍ ရဟန်းရှင်လူပြည်သူတစ်ရပ်လုံး လိုက်နာရန် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ-၁၄၄အမိန့်ကို ဇူလိုင် ၃ ရက်တွင် မန္တလေးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်ခဲ့ ခြင်းဖြစ်ရာ လက်ရှိ မန္တလေးမြို့အခြေ အနေမှာ အေးချမ်းတည်ငြိမ်နေပြီဖြစ် သောကြောင့် မူလနေရာယူထား သည့်နေရာမှ ပြောင်းရွှေ့ခြင်းဖြစ်နိုင် ကြောင်း မန္တလေးတိုင်းဒေသကြီးလုံ ခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန နှင့်နီးစပ် မှုရှိသည့် အသိုင်းအဝိုင်းမှ သိရသည်။

''ပဋိပက္ခဖြစ်စဉ်တွေမှာ ဆူပူအကြမ်းဖက်မှုတွေ ပိုမိုဆိုးရွားလာရင် ထိရောက်စွာနှိမ်နင်းပြီး အများပြည် သူလုံခြုံရေးအတွက် ကာကွယ်ပေးလိုတာကြောင့် ပုဒ်မ-၁၄၄ထုတ်ပြန် ပြီးကတည်းက လုံခြုံရေး ဒုတိယစည်း အနေနဲ့ မန္တလေးမြို့ကိုရောက်ရှိနေ ရာယူထားတာဖြစ်ပါတယ်။ မန္တလေး မြို့အခြေအနေက ပုသိမ်ကြီး မြို့နယ်ကို ပုဒ်မ-၁၄၄ ထပ်ထုတ်ပြန်လိုက်တဲ့ ဇူလိုင် ၄ရက် ညပိုင်း ကနေစ ပြီးတော့ ဘာမှဆူပူအကြမ်း ဖက်တာမျိုးမရှိ တော့ဘဲ အေးချမ်းတည်ငြိမ်သွားပြီး ညမထွက်ရအမိန့် ကို ဖောက်ဖျက် လို့ အရေးယူ တာမျိုးပဲရှိပါတော့တယ်။ အတိအကျမ သိရပေမယ့် သေချာတာ ကတော့ အခြေအနေအားလုံးပုံမှန်ဖြစ် သွားလို့ အခုလိုပြောင်းရွှေ့တာဖြစ်နိုင်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မကြာမီရက်ပိုင်းမှာ ထုတ်ပြန်ထား တဲ့ ပုဒ်မ-၁၄၄ကို လုံးဝပြန် မရုပ်သိမ်း တောင်မှ ကန့်သတ်ထားတဲ့အချိန်ကို လျှော့ချပေးတာမျိုးတွေ ရှိလာနိုင်ပါတယ်''ဟု အမည်မဖော်လိုသည့်အ ရာရှိတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကို ဥပဒေအရ အမှုဖွင့် အရေးယူဆောင် ရွက် လျက် ရှိရာ ဖြစ်ပွားခဲ့သည့် အမှုအရေအ တွက်မှာ ဇူလိုင် ၂ရက်မှ ဇူလိုင် ၅ရက် အထိ စုစုပေါင်း ၁၅မှုရှိ၍ လူသတ်မှု နှစ်မှု၊ နာကျင်စေမှု သုံးမှု၊ မီးရှို့မှု တစ်မှု၊ ပြစ်မှုပုဒ်မ ၃၂၄/၁၁၄ တစ်မှုတို့သည် တရားခံစုံစမ်းဆဲဖြစ်ပြီး ကျန်တခြားအမှု သုံးမှု၊ လက်နက် ပုဒ်မ- ၁၉(က)နှစ်မှု၊ ရဲအက် ပုဒ်မ-၃၅(ဃ)တို့မှ စုစုပေါင်း ၁၆ဦးတို့ကို ဖမ်းဆီး ကာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။

ညမထွက်ရအမိန့်ကိုမလိုက် နာသောကြောင့် ပုဒ်မ-၁၈၈အရ အ ရေးယူခံရသူအရေအတွက်မှာ ဇူလိုင် ၄ရက်မှ ၈ရက်အထိ အယောက် ၃၀၀ ကျော်ရှိရာ ဇူလိုင် ရရက်တွင် သက်ဆိုင်ရာ မြို့နယ်တရား ရုံးအသီး သီးမှ ထောင်ဒဏ် ခုနစ်ရက်မှ ၁၅ရက်အထိ ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့သူအ ရေအတွက်မှာ အယောက် ၁ဝဝကျော် ပြီး ကျန်သူများမှာ အမှုကိုဆက်လက် ရင် ဆိုင် နေရ ဆဲဖြစ်သည်။

ယခုအခါ မန္တလေးမြို့တွင် ပဋိပက္ခဖြစ်စဉ်ဖြစ်ပွားပြီးကတည်းက ပိတ်ထားသည့် အစ္စလာမ်ဘာသာဝင် များ၏ အရောင်းဆိုင် အများစုမှာ ဇူလိုင် ၉ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်မှုရှိလာပြီးမြို့တွင်း၌ လုံခြုံရေးတပ်ဖွဲ့ များကိုမူ ချထားဆဲဖြစ်သည်။


K S A
[--Democracy today Daily Newspaper--]
Democracytoday

No comments:

Post a Comment

My Blog List