Monday, July 07, 2014

မန္တလေးပဋိပက္ခသည် ဘာသာရေးကို ခုတုံးလုပ်ခံရခြင်းဟုဆို


လူမျိုးပေါင်းစုံနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာနေထိုင်ခဲ့သော မန္တလေးမြို့တော်တွင် ဖြစ်ပေါ်နေသော ပဋိပက္ခမှာ နိုင်ငံရေးအမြတ်ထုတ်ရန်အတွက် ဘာသာရေးကိုခုတုံးလုပ်ခံရခြင်းသာ ဖြစ်ကြောင်း ဘာသာရေး အဖွဲ့အစည်းများမှ ခေါင်းဆောင်များက ပြောကြားသည်။

ဇူလိုင်လ ၆ရက်နေ့က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မိုးကောင်းကျောင်းတိုက်တွင် ပြုလုပ်သော မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီ၏ ဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲ၌ ၎င်းတို့က ယင်းကဲသို့ ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

မန္တလေးမြို့တွင် ဖြစ်ပွားသော ပဋိပက္ခများသည် အမှန်တကယ် ၄၃၆ ပြင်ဆင်ရေးကို ရပ်ဆိုင်းရန်လုပ်ခြင်း ဖြစ်နိုင်ပြီး အစ္စလာမ်ဘာသာဝင်များကို ထိုးကျွေးခြင်းသာ ဖြစ်ကြောင်း မန္တလေး မြိုခံတစ်ဦးဖြစ်သူ အစ္စလာမ် သာသနာ ပရမတ္ထမိသားစု ဂိုဏ်းချုပ်ဆရာတော် ဦးသိန်းဝင်းအောင်က ပြောကြားသည်။

“ဒီပဋိပက္ခကို နောက်ကွယ်က အဖွဲ့အစည်းတစ်ခုခုက ဖန်တီးနေတဲ့ အနေအထားမှာ ကျွန်တော်တို့တွေ ခံလိုက်ရတာပါ။ နိုင်ငံရေး လှည့်ကွက်ကြောင့် မန္တလေးမြို့ကို ပျက်စီးအောင် လုပ်နေတာဖြစ်ပြီး မန္တလေးပျက်စီးပါက အစ္စလာမ် ဘာသာဝင်များသာမက ဗုဒ္ဓဘာသာဝင်တွေလည်း ဒုက္ခရောက်နိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ယခုပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်ပြီး နောက်ကွယ်မှ ကြိုးကိုင်သူ၊ ပြည်သူလူထုကို အထိတ်တလန့် လုပ်ဆောင်သူများကို ဖော်ထုတ်အရေးယူရန် လိုအပ်ကြောင်း မန္တလေးမြို့ ငွေငါးကျောင်းတိုက်မှ ဂဠုန်နီ ဆရာတော်က မှတ်ချက်ပြု ပြောကြားသည်။

အများစွပ်စွဲနေသည့် အစိုးရလက်ကိုင်တုတ်ဟု စွပ်စွဲခံနေရသည့် အဖွဲ့များက ပဋိပက္ခ မဖြစ်စေရန် ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ပြီး ယင်းသို့ မထိန်းသိမ်းပါက မန္တလေးမြို့သွေးမြေကျသွားမည် ဖြစ်ကြောင်း မန္တလေးမြို့ မစိုးရိမ်ဆရာတော် အရှင်ဝီရသူက ပြောကြားသည်။

မန္တလေးမြို့တွင် မိုးကောင်းကျောင်းတိုက်တွင် ပြုလုပ်သော မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီ၏ ဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲသို့ မန္တလေးမြို့ လေးပြင်လေးရပ်မှ ဆရာတော်များ အခြားဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးနှင့် အရပ်ဖက်အဖွဲ့အစည်းများ မြို့မိမြို့ဖများ ကော်မတီဝင်များ တက်ရောက်ကြသည်။

The Voice Weekly

No comments:

Post a Comment

My Blog List