Monday, September 16, 2019

ဒီမိုကရေစီရှင်သန်ရေး ပူးပေါင်းဆောင်ရွက်ကြရာတွင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအသီးသီးက တည်ဆဲဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာကြရမည်ဖြစ်ပြီး ဒီမိုကရေစီကျင့်စဉ်အရ အများစု၏ဆန္ဒကို လက်ခံလိုက်နာရသလို အနည်းစု၏သဘောထားကို လေးစားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား


နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ်
ဒီမိုကရေစီရှင်သန်ရေး ပူးပေါင်းဆောင်ရွက်ကြရာတွင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအသီး သီးမှ တည်ဆဲဥပဒေ များကို လေးစားရမှာဖြစ်သလို စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာကြရမည်ဖြစ်ပြီး ဒီမိုကရေစီ ကျင့်စဉ်အရ အများစု၏ဆန္ဒကို လက်ခံလိုက်နာရသလို အနည်းစု၏သဘောထားကို လေးစားရ မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ပြောကြားသည်။

စက်တင်ဘာ ၁၅ ရက်က နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ သဘင်ဆောင်၌ပြုလုပ်သည့် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနား မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဒီမိုကရေစီရှင်သန်ရေးအတွက် ပူး ပေါင်းဆောင်ရွက်ကြရာတွင် လူပုဂ္ဂိုလ်အသီး သီး၊ အဖွဲ့အစည်းအသီးသီးက တည်ဆဲဥပဒေများကို လေးစားကြရမှာဖြစ်သလို စည်းမျဉ်း စည်းကမ်းများကိုလည်း လိုက်နာကြရမှာဖြစ်ပါတယ်။ ဒီမိုကရေစီကျင့်စဉ်အရ အများစုရဲ့ ဆန္ဒကို လက်ခံလိုက်နာရသလို အနည်းစုရဲ့ သဘောထားကို လေးစားရမှာဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ သဘောသဘာဝအရ အမြင်မ တူ အယူအဆကွဲပြားမှုများရှိကြသော်လည်း ယင်းမတူ ကွဲပြားမှုများကို နိုင်ငံတော်ရဲ့ ရေ ရှည်အကျိုးစီးပွားကို ဦးထိပ်ထားပြီး စေ့စပ်ညှိနှိုင်းခြင်းဖြင့် ငြိမ်းချမ်းစွာအဖြေရှာကြမှသာ လျှင် ဒီမိုကရေစီကျင့်စဉ်ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့မဏ္ဍိုင်ကြီးများ ဖြစ်ကြတဲ့ သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းတို့ကိုအခြေခံလျက် ဆွေးနွေးညှိနှိုင်းကြရတာဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဖြူစင်တဲ့စိတ်ထား၊ မျှတတဲ့ သဘောထားရှိလျှင် မှန်ကန်တဲ့အဖြေကို ရရှိ မှာဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး ဒီမိုကရေစီကို အမှန်တကယ်သက်ဝင်ယုံကြည်ကြပါက အမုန်းစကားများကို ရှောင်ရှား၊ အမုန်း တရားများကို ကျော်လွှားပြီး အမျိုးသားပြန် လည်သင့်မြတ်ရေးကို ရှေးရှုကြရန် လိုအပ်ပါ တယ်။ ပြည်သူလူထုရဲ့ အသက်၊ သွေးချွေးနဲ့ ဘဝတွေ ပေးဆပ်ပြီးမှ ခက်ခက်ခဲခဲရရှိလာတဲ့ ဒီမိုကရေစီအပင်ပေါက်လေးကို အညွန့်ချိုး မခံရအောင် အားလုံးက ၀ိုင်းဝန်းပြုစုပျိုးထောင် စောင့်ရှောက်ကြစေလိုပါတယ်။ ဒီမိုကရေစီ ရှင်သန်ရေးအတွက် နိုင်ငံသားအားလုံး ငေးငိုင်မနေကြရန်နှင့် အလစ်အငိုက်မမိကြရန် အရေးကြီးလှပါတယ်” ဟု နိုင်ငံတော်သမ္မတ က ပြောကြားသည်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆောင်ရွက်ရာတွင် အခြေခံလုပ်ငန်းစဉ်သုံးရပ်ရှိပြီး ထိန်းချုပ်မှုများ ဖြေလျှော့သည့်အဆင့်၊ ကူးပြောင်းရေးအဆင့်နှင့် ခိုင်မာရေးအဆင့်တို့ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အဆင့်မည်မျှတွင်သာ ရှိနေသေးသည်ဆိုသည်ကို မိဘ ပြည်သူများကိုယ်တိုင် ချင့်ချိန်ပြီးသုံးသပ်ကြစေလိုကြောင်း၊ ဒီမိုကရေစီခိုင်မာရေးအဆင့်ရောက်ရန် မိဘပြည်သူများအားလုံး ဆက်လက် ပူးပေါင်းပါဝင်ပြီး တက်ညီလက်ညီ ချီတက်ကြရန်လည်း လိုအပ်ကြောင်း၊ ဒီမိုကရေစီလမ်း စပေါ်တွင် ခြေချခါစပဲရှိသေးပြီး ဒီမိုကရေစီ ပန်းတိုင်ကို မရောက်ရှိသေးဘူးဆိုသည်ကို ပြည်သူလူထုကြီးတစ်ရပ်လုံး သတိချပ်စေလို ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
နိုင်ငံတော်သမ္မတက “ကျွန်တော်တို့ အစိုးရအနေနဲ့ ဆိတ်သုဉ်းခဲ့တဲ့ ဒီမိုကရေစီနဲ့ ဆုံးရှုံးခဲ့တဲ့ ဖက်ဒရယ်အခွင့်အရေး ပြန်လည် ရရှိရန် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် ပေါ်ပေါက်ရေးကို ဦးတည်ကြိုး ပမ်းလျက်ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီစနစ် ကျင့်သုံးခြင်းဟာ ဖက်ဒရယ် ခိုင်မာရေးကို အားပေးပါတယ်။ ထိုနည်းတူ ဖက်ဒရယ်စနစ်ကျင့်သုံးခြင်းကလည်း ဒီမိုက ရေစီစနစ် တည်တံ့ရေးကို အထောက်အကူပြု ပါတယ်။ ဒါကြောင့် ရှိသင့်ရှိထိုက်တဲ့ ဒီမိုကရေစီအင်္ဂါရပ်များနဲ့ ပါဝင်သင့်ပါဝင်ထိုက်တဲ့ ဖက်ဒရယ်မူများကို ဥပေက္ခာပြု၍ မရနိုင် ကြောင်း ဂရုပြုကြစေလိုပါတယ်။ ဖက်ဒရယ် ရဲ့အခြေခံဟာ တိုင်းရင်းသားများအကြား တန်းတူညီတူ အခွင့်အရေးရရှိစေခြင်း၊ ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်ရရှိစေခြင်းတို့ကို ဖြစ်ပေါ်စေ ပါတယ်။ တိုင်းရင်းသားများအားလုံးရဲ့ ဥမကွဲ သိုက်မပျက် စည်းလုံးညီညွတ်စွာ အတူတကွ မခွဲစတမ်းနေထိုင်ခြင်းကို ရရှိစေပါတယ်။ ဒီမိုကရေစီ မရရှိသေးတဲ့ ဒါမှမဟုတ် အပြည့် အဝမရသေးတဲ့ နိုင်ငံတွေမှာ လူမျိုးရေးပြဿနာများနဲ့စိတ်ဝမ်းကွဲပြားမှုများဟာ ဒီမိုကရေ စီရှင်သန်ရေးကို အတားအဆီးဖြစ်စေကြောင်း သတိပြုကြစေလိုပါတယ်” ဟု ပြောကြားသည်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေး ပိုမိုလျင်မြန်စေရန် တိုင်းရင်းသားအားလုံး ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် ပြည်တွင်း ငြိမ်းချမ်းရေး အမြန်ရရှိရေးတွင်လည်း လိုလိုလားလား ပူးပေါင်းဆောင်ရွက်ကြရန် အထူးလိုအပ်ကြောင်း၊ ဒီမိုကရေစီ ပြည်ထောင်စုနိုင် ငံတော်တည်ဆောက်ရန်၊ ငြိမ်းချမ်းသာယာဝ ပြောရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဖွဲ့ စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက် ခြင်းများပြုလုပ်ရာတွင် ဒီမိုကရေစီ၏အခြေ ခံစံချိန်စံညွှန်းများ၊ လူ့အခွင့်အရေး၏ အခြေ ခံစံနှုန်းစံထားများကို ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း၊ ဥပဒေများပြဋ္ဌာန်းရာတွင် ဒီမိုကရေစီမျိုးစေ့ကို ပြန်လည်ဖျက်ဆီးမည့် မျိုးဥမပါရှိစေရန် အထူးလိုအပ်ပြီး ဒီမိုကရေ စီကိုတန်ဖိုးထား၍ လူအခွင့်အရေးကိုမြတ်နိုး သည့် ကျင့်စဉ်များကိုလည်း ဖြည့်စွက်ပံ့ပိုးပေး ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြော ကြားသည်။
“ဒီမိုကရေစီကို အမှန်တကယ်ယုံကြည် လက်ခံတယ်ဆိုရင် ဒီမိုကရေစီကျင့်စဉ်ဆိုတာ နောင်မှကျင့်သုံးမယ်ဆိုတာထက် ယနေ့ပင် စတင်ကျင့်သုံးရတာမျိုးဖြစ်တယ်ဆိုတာ ကို အားလုံးကလက်ခံဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီမှာ မဲဆန္ဒရှင်ပြည်သူလူထု၏ ဆန္ဒသည်သာ နိုင်ငံရေးအချုပ်အခြာအာဏာကိုပိုင်တဲ့အတွက် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုဟာ ဒီမိုကရေစီရဲ့ အသက်သွေးကြော ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုတစ်ရပ်လုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းခြင်းဟာ ဒီမိုကရေစီရှင်သန်ရေးကို ပိုမိုအားကောင်း စေပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြော ကြားသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ်
Eleven Media Group

No comments:

Post a Comment

My Blog List