Tuesday, September 17, 2019

တရုတ်နိုင်ငံ၊ရွှေလီမြို့တွင် ဥသြဆွဲသတိပေးသံများနှင့်လှုပ်ရှားမှုပြုလုပ်မည်


တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ၂၀၁၉ ခုနှစ်၊စက်တင်ဘာ ၁၈ ရက်နေ့၌ တရုတ်နိုင်ငံဘက်မှ ဥသြသံသတိပေး ချက် ၄ မျိုး လှုပ်ရှားမှုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းဥသြဆွဲ အစီအစဉ်ကို မြန်မာ-တရုတ်နယ်စပ်ရှိ မြန်မာနိုင်ငံ၊မူဆယ်မြို နှင့် နမ့်ခမ်းမြိုတို့တွင်နေထိုင်သည့် အများပြည်သူ တို့ ထိတ်လန့်မှုမရှိစေရန်ကြိုတင်အသိပေးမှုများကို သက်ဆိုင်ရာမြို့နယ် ထွေ/အုပ်များက ဆောင်ရွက်ထားကြောင်း သိရသည်။
တရုတ်နိုင်ငံဘက်တွင် လေကြောင်းရန်ကာကွယ်ရေးအတွက် ပုံမှန်ဥသြဆွဲသံသည် တရုတ်နိုင်ငံ၏ လူမှုရေး၊စီးပွားရေး တည်ဆောက်မှုအစိတ်အပိုင်းတွင် အရေးကြီးသည့် အစိပ်အပိုင်းမှပါဝင်နေသဖြင့် ၄င်းဥသြဆွဲသံပေးခြင်းကို နားလည် သိရှိထားစေရန်အတွက် ရွှေလီမြို့ ပြည်သူ့အစိုးရ၊ ပြည်ပရေးရာဌာနမှ ပေးပို့လာခြင်းဖြစ်သည်။
“တရုတ်နိုင်ငံ၊ရွေလီဘက်က သူတို့ အစီအစဉ်တွေကို တင်ပြလာတော့ ခရိုင်ထွေ/အုပ်ကတဆင့် မြို့နယ်တွေကို ၁၂ ရက်နေ့စွဲနဲ့ စာထွက်ညွန်ကြားလာပါတယ်။ကျနော်တို့ ဘက်ကလည်း အများ ပြည်သူ ထိတ်လန့်မှုမဖြစ် အောင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အကြောင်း ကြားတယ်။ ဒေသခံတွေကို အသိပေးထားဖို့လဲ သေချာပြောထားပါတယ်။”ဟု မူဆယ်မြို့နယ် ထွေ/အုပ်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
လေကြောင်းရန်ကာကွယ်ရေး ပုံမှန်ဥသြဆွဲသံတွင် သတ်မှတ်ချက်အရ ဥသြသံသတိပေးချက် ၄ မျိုးပါဝင်ပြီး စက်တင်ဘာ ၁၈ ရက်နေ့တွင် ၄င်းဥသြဆွဲအချက်ေ ပး မှုများလုပ်ဆောင်ခြင်းကို မြန်မာပြည်ဘက်မှ အများ ပြည်သူတို့ အထိတ်တလန့်မဖြစ်စေရန် ကြိုတင်အသိေ ပးခဲ့ခြင်းဖြစ်သည်။
ဥသြသံသတိပေးချက် ၄ မျိုးမှာ ကြိုတင်သတိပေးသံမှာ ဥသြဆွဲနေမှု ၃၆ စက္ကန့်ကြာပြီး၂၄ စက္ကန့် ရပ်နား၍ အပြန် အလှန် ၃ ကြိမ်၊လေကြောင်းတိုက် ခိုက်မှု သတိပေး ဥသြဆွဲကြာချိန် ၆ စက္ကန့်နှင့် ၆ စက္ကန့်ရပ် နားကာ အပြန် အလှန် ၁၅ ကြိမ်၊သတိပေးသံရုပ်သိမ်းခြင်း တွင် ၃ မိနစ် ဥသြဆွဲခြင်းနှင့် သဘာဝဘေးအန္တရာယ်သတိ ဥသြသံတွင် ၁၅ စက္ကန့်ကြာ၍ ၁၅ စက္ကန့်ရပ်နား၍အပြန် အလှန် ၆ ကြိမ်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ကျော်ထက်

No comments:

Post a Comment

My Blog List