Wednesday, September 18, 2019

ဗစ္တုိရီးယားအမႈ ရွင္းလင္းခဲ့သည့္ ဒုရဲခ်ဳပ္ ေအာင္ႏိုင္သူ အနားေပးခံရဆိုေသာသတင္း ျပည္ထဲေရး ျငင္းဆုိ


Image may contain: 1 person, standing and text
ဗစ္တုိးရီးယားအမႈကိစၥတြင္ သံသယတရားခံ ေအာင္ႀကီးဟု ရွင္းလင္းခဲ့သည့္ ဒုတိယရဲခ်ဳပ္ ရဲခ်ဳပ္ေအာင္ႏုိင္သူ အနားေပး ခံရဆုိေသာ သတင္းမ်ားကို ျပည္ထဲေရး၀န္ႀကီးဌာန၊ ေခတၱအၿမဲတမ္းအတြင္းဝန္ ဦးခိုင္ထြန္းဦးက ရန္ကုန္ေခတ္ သစ္သတင္းဌာနသုိ႔ ေျပာဆုိသည္။

"အနားေပးတယ္ဆိုတာ မဟုတ္ပါဘူး။ မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ဆီကေတာ့ ေခၚၿပီးေတြ႔မရွိပါဘူး။ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔အေနနဲ႔ေတာ့ မသိဘူးေပါ့။ ကၽြန္ေတာ္တို႔ဘက္မွာေတာ့ မရွိပါဘူး" ဟု ဦးခုိင္ထြန္းဦးက ရန္ကုန္ေခတ္သစ္ သတင္းဌာနသုိ႔ ေျပာဆုိသည္။
ဗစ္တိုးရီးယား အမႈကိစၥႏွင့္ ပတ္သက္ၿပီး ႏိုင္ငံေတာ္သမၼတအိမ္ေတာ္တြင္ ျပဳလုပ္သည့္ ပံုမွန္သတင္းစာရွင္းလင္းပြဲတြင္ ရွင္းလင္း ေျပာဆိုခဲ့ေသာ ဒုရဲခ်ဳပ္ ေအာင္ႏိုင္သူ က်န္းမာေရးအရ ႏုတ္ထြက္သြားၿပီ၊ အနားေပးခံရၿပီ ဆုိေသာ သတင္းမ်ား က်ယ္က်ယ္ျပန္႔ျပန္႔ ထြက္ေပၚလ်က္ရွိသည္။
ျပည္ထဲေရး၀န္ႀကီးဌာန၊ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ႏွင့္နီးစပ္ေသာ ျပည္သူ႕ လႊတ္ေတာ္ကုိယ္စားလွယ္တစ္ဦးကမူ ဒုရဲခ်ဳပ္ ေအာင္ႏုိင္သူကုိ အစုိးရပုိင္းက ထပ္မံ သတိေပးသည္ဟု ၾကားသိထားေၾကာင္း ရန္ကုန္ေခတ္သစ္သတင္းဌာနသုိ႔ ေျပာဆုိသည္။
“ၾကားတာကေတာ့ သတိေပးခံရတယ္လို႔ေတာ့ၾကားတယ္။ အနားေပးခံရတာမ်ိဳးေတာ့မၾကားမိဘူး။ အဓိကအေၾကာင္းရင္းကေတာ့ ဗစ္တိုးရီးယားကိစၥေပါ့ အဲလိုျဖစ္ဖို႔ေတာ့မ်ားတာေပါ့” ဟု ျပည္သူလႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးကေျပာသည္။
ဒုရဲခ်ဳပ္ ေအာင္ႏိုင္သူသည္ ဇူလိုင္လ အတြင္းက ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ဗစ္တိုးရီးယားအမႈ က်ဴးလြန္သူမွာ ကိုေအာင္ႀကီးျဖစ္ၿပီး ကေလးငယ္တြင္ ကိုေအာင္ႀကီး၏ သုတ္ပိုးေတြ႔ရွိေၾကာင္း၊ အမႈစစ္ေဆးရာတြင္ အဓိကသက္ေသျဖစ္သည့္ ဆရာမႏွင္းႏုသည္ သက္ရွိသက္ေသျဖစ္သည့္အတြက္ သူေျပာခ်င္မွေျပာမည္ျဖစ္ေၾကာင္း၊ ျပည္သူအမ်ားက ျပစ္မႈက်ဴးလြန္သူဟု ထင္ျမင္ယူဆသည့္ ကုိကိုႏွင့္ ညီညီသည္ အမႈႏွင့္မသက္ဆိုင္ေၾကာင္းစေသာ လူထု ေ၀ဖန္မႈမ်ားေသာ အခ်က္မ်ားကိုေျပာဆိုခဲ့သူလည္းျဖစ္သည္။
ေနျပည္ေတာ္၊ ျမန္မာႏုိ္င္ငံရဲတပ္ဖြဲ႕မွ ဒုရဲမွဴးႀကီးတစ္ဦးက ဒုရဲခ်ဳပ္ ေအာင္ႏိုင္သူအား အနားေပးသည္၊ အနားယူသည္ ဆိုသည့္သတင္းမၾကားမိေၾကာင္း ရန္ကုန္ေခတ္သစ္သတင္းဌာနသုိ႔ ေျပာဆုိသည္။
ႏုိင္ငံေတာ္သမၼတရုံးတာ၀န္ရွိသူ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးကမူ ဗစ္တိုးရီးယား အမႈကိစၥမွ တရားခံအမွန္ မေဖာ္ထုတ္ႏိုင္လွ်င္ သက္ဆိုင္ရာတာဝန္ရွိသူမ်ား တာဝန္ယူ တာဝန္ခံရလိမ့္မည္ျဖစ္ေၾကာင္း သတင္းစာရွင္းလင္းပြဲမ်ားတြင္ အႀကိမ္ႀကိမ္ ေျပာဆုိ သတိေပးထားသည္။
Photo Credit - MOI
Khit Thit Media

Unicode Version
ဗစ်တိုရီးယားအမှု ရှင်းလင်းခဲ့သည့် ဒုရဲချုပ် အောင်နိုင်သူ အနားပေးခံရဆိုသော သတင်း ပြည်ထဲရေး ငြင်းဆို
ရန်ကုန်၊ စက်တင်ဘာ ၁၈
ဗစ်တိုးရီးယားအမှုကိစ္စတွင် သံသယတရားခံ အောင်ကြီးဟု ရှင်းလင်းခဲ့သည့် ဒုတိယရဲချုပ် ရဲချုပ်အောင်နိုင်သူ အနားပေးခံရဆိုသော သတင်းများကို ပြည်ထဲရေးဝန်ကြီးဌာန၊ ခေတ္တအမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
"အနားပေးတယ်ဆိုတာ မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီကတော့ ခေါ်ပြီးတွေ့မရှိပါဘူး။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့တော့ မသိဘူးပေါ့။ ကျွန်တော်တို့ဘက်မှာတော့ မရှိပါဘူး" ဟု ဦးခိုင်ထွန်းဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။
ဗစ်တိုးရီးယား အမှုကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတအိမ်တော်တွင် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်း ပြောဆိုခဲ့သော ဒုရဲချုပ် အောင်နိုင်သူ ကျန်းမာရေးအရ နုတ်ထွက်သွားပြီ၊ အနားပေးခံရပြီ ဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်နီးစပ်သော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကမူ ဒုရဲချုပ် အောင်နိုင်သူကို အစိုးရပိုင်းက ထပ်မံ သတိပေးသည်ဟု ကြားသိထားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“ကြားတာကတော့ သတိပေးခံရတယ်လို့တော့ကြားတယ်။ အနားပေးခံရတာမျိုးတော့မကြားမိဘူး။ အဓိကအကြောင်းရင်းကတော့ ဗစ်တိုးရီးယားကိစ္စပေါ့ အဲလိုဖြစ်ဖို့တော့များတာပေါ့” ဟု ပြည်သူလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကပြောသည်။
ဒုရဲချုပ် အောင်နိုင်သူသည် ဇူလိုင်လ အတွင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗစ်တိုးရီးယားအမှု ကျူးလွန်သူမှာ ကိုအောင်ကြီးဖြစ်ပြီး ကလေးငယ်တွင် ကိုအောင်ကြီး၏ သုတ်ပိုးတွေ့ရှိကြောင်း၊ အမှုစစ်ဆေးရာတွင် အဓိကသက်သေဖြစ်သည့် ဆရာမနှင်းနုသည် သက်ရှိသက်သေဖြစ်သည့်အတွက် သူပြောချင်မှပြောမည်ဖြစ်ကြောင်း၊ ပြည်သူအများက ပြစ်မှုကျူးလွန်သူဟု ထင်မြင်ယူဆသည့် ကိုကိုနှင့် ညီညီသည် အမှုနှင့်မသက်ဆိုင်ကြောင်းစသော လူထု ဝေဖန်မှုများသော အချက်များကိုပြောဆိုခဲ့သူလည်းဖြစ်သည်။
နေပြည်တော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးတစ်ဦးက ဒုရဲချုပ် အောင်နိုင်သူအား အနားပေးသည်၊ အနားယူသည် ဆိုသည့်သတင်းမကြားမိကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
နိုင်ငံတော်သမ္မတရုံးတာဝန်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကမူ ဗစ်တိုးရီးယား အမှုကိစ္စမှ တရားခံအမှန် မဖော်ထုတ်နိုင်လျှင် သက်ဆိုင်ရာတာဝန်ရှိသူများ တာဝန်ယူ တာဝန်ခံရလိမ့်မည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲများတွင် အကြိမ်ကြိမ် ပြောဆို သတိပေးထားသည်။
Khit Thit Media

No comments:

Post a Comment

My Blog List