Tuesday, September 17, 2019

ဘူးသီးတောင်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းအား ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်၊ အရပ်ဝတ် ဝတ်ဆင်ထား သည့် AA အကြမ်းဖက်သောင်းကျန်းသူ အလောင်းလေးလောင်းတွေ့ရှိ


No photo description available.

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် နေသော တပ်မတော်စစ်ကြောင်းသည် စက်တင်ဘာ ၁၅ ရက် နံနက် ၇ နာရီခန့်တွင် ဘူးသီး တောင်မြို့၏တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ကင်းချောင်းတံတားသို့အရောက်၌ (စိစစ်ဆဲ) အကြမ်းဖက်သောင်းကျန်း သူများက ရီမုမိုင်းသုံးလုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ သဖြင့် အဆိုပါနေရာ တစ်ဝိုက်အား ရှာဖွေ စစ်ဆေးခဲ့ရာ အရပ်ဝတ်ဝတ်ဆင်ထားသည့် မသင်္ကာဖွယ် လူတစ်ဦးထွက်ပြေးသွားသဖြင့် ရပ်တန့်ရန် ပြောဆို သော်လည်း ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် ထွက်ပြေးခဲ့သဖြင့် တပ်မတော်စစ်ကြောင်းက လက်နက်ငယ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အသေဖမ်းဆီးရမိခဲ့ သည်။

အဆိုပါသေဆုံးသူအား စစ်ဆေးရာ သပိတ်တောင်(မြောက်ရွာ)နေ အဒူခရီး (ဘ)အဒူရော်ရီးဖြစ်ကြောင်း သိရှိရပြီး ၄င်းထံမှ မိုင်းထောင် ဖောက်ခွဲရာတွင် အသုံးပြုသည့် ဓာတ်ခဲအသေးရှစ်လုံး၊ ဒီတိုနေတာ တစ်ချောင်းနှင့် ဝါယာကြိုး နှစ်ချောင်းတို့အား သိမ်းဆည်းရမိခဲ့သည်။
အလားတူ ဘူးသီးတောင်မြို့နယ် အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းသည် နံနက် ၉ နာရီခန့်တွင် ဖုန်ညိုလိပ်ကျေးရွာ ၏အရှေ့ဘက် မီတာ ၅ဝဝဝ ခန့်အကွာ၌ AA အကြမ်းဖက် သောင်းကျန်း သူများရောက်ရှိနေကြောင်း သတင်းအရ သွားရောက်၍ နယ်မြေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ဥယျာန်သာ ကျေးရွာအနီး တစ်ဝိုက်၌ အားကစားအင်္ကျီများ ဝတ်ဆင်ထားပြီး လက်နက်ငယ်ဒဏ်ရာ များဖြင့်သေဆုံးကာ မြေကြီးအတွင်း မြှုပ်ထားသည့် AA အကြမ်းဖက် သောင်း ကျန်းသူ အလောင်းလေးလောင်းအား တွေ့ရှိခဲ့သည်။
AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် အရပ်ဝတ်များ ဝတ်ဆင်၍ တပ်မ တော်စစ်ကြောင်းများအား မိုင်းဆွဲခြင်း၊ တပ်စခန်းများအား ဝင်ရောက်တိုက်ခိုက်ခြင်း၊ ကျေးရွာများအတွင်း အရပ်သားများ အသွင်ဖြင့် ဝင်ရောက်ခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment

My Blog List