Friday, September 20, 2019

ဖြဲ႔စည္းပုံ ျပင္ဆင္တဲ့မူၾကမ္းႏွစ္ရပ္ လႊတ္ေတာ္သို႔ အၿပိဳင္တင္သြင္းထား


Image may contain: 1 person, sitting and indoor
၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒကို ဒုတိယအႀကိမ္ ျပင္ဆင္တဲ့ဥပေဒမူၾကမ္းႏွစ္ခုလႊတ္ေတာ္သို႔ အၿပိဳင္တင္သြင္းထား တယ္လို႔ သိရပါတယ္။
တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မွဴးခ်ဳပ္ေအာင္စန္းခ်စ္ အပါအဝင္ ကိုယ္စားလွယ္(၁၄၄)ဦးက မူၾကမ္းတစ္ခုနဲ႔ ကရင္ျပည္နယ္ မဲဆႏၵနယ္အမွတ္(၅)မွ ဦးစိုင္းသန္းႏိုင္ အပါအဝင္ ကိုယ္စားလွယ္ (၁၄၅)ဦးတို႔က မူၾကမ္းတစ္ခုတင္သြင္းထားတာျဖစ္တယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္နာယက ဦးတီခြန္ျမတ္က စက္တင္ဘာလ ၂၀ ရက္မွာက်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေ၀းမွာ အသိေပးေျပာၾကားခဲ့ပါတယ္။
ဖြဲ႔စည္းပုံျပင္ဆင္ေရးနဲ႔ပတ္သက္ၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးျဖစ္တဲ့ ဗိုလ္မွဴးခ်ဳပ္ေမာင္ေမာင္က ကိုယ္စားလွယ္(၁၄၄)ဦးရဲ႕လက္မွတ္နဲ႔ျပင္ဆင္ေရးဥပေဒမူၾကမ္းတစ္ရပ္ကို တင္သြင္းထားပါေသးတယ္။
သတင္း - ၿငိမ္းခ်မ္းေအာင္
Unicode Version

ဖွဲ့စည်းပုံ ပြင်ဆင်တဲ့မူကြမ်းနှစ်ရပ် လွှတ်တော်သို့ အပြိုင်တင်သွင်းထား
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ဥပဒေမူကြမ်းနှစ်ခုလွှတ်တော်သို့ အပြိုင်တင်သွင်းထားတယ်လို့ သိရပါတယ်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်စန်းချစ် အပါအဝင် ကိုယ်စားလှယ်(၁၄၄)ဦးက မူကြမ်းတစ်ခုနဲ့ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးစိုင်းသန်းနိုင် အပါအဝင် ကိုယ်စားလှယ် (၁၄၅)ဦးတို့က မူကြမ်းတစ်ခုတင်သွင်းထားတာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က စက်တင်ဘာလ ၂ဝ ရက်မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အသိပေးပြောကြားခဲ့ပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်မောင်မောင်က ကိုယ်စားလှယ်(၁၄၄)ဦးရဲ့လက်မှတ်နဲ့ပြင်ဆင်ရေးဥပဒေမူကြမ်းတစ်ရပ်ကို တင်သွင်းထားပါသေးတယ်။

သတင်း - ငြိမ်းချမ်းအောင်

No comments:

Post a Comment

My Blog List