Tuesday, September 17, 2019

ပုသိမ်ရှိအထည်ချုပ်စက်ရုံ တစ်ခုတွင် မကျွတ်လွတ်သူများက အလုပ်သမား အချို့ကို ၀င်ပူး၍ အမျှအတမ်းပေးဝေရန်တောင်းဆို၊ အလုပ်သမားအများစုကို ပုသိမ်ပြည်သူ့ဆေးရုံကြီးနှင့် ဘုန်းကြီးကျောင်းများသို့ ပို့ဆောင်ခဲ့ရ


Image may contain: 1 person, crowd

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် မကျွတ်လွတ်သူများက အလုပ်သမားအချို့ကို ၀င်ပူး၍ အမျှအတမ်း ပေးဝေရန်တောင်ဆိုခြင်းကြောင့် အလုပ်သမားအများစု အစုလိုက် အပြုံလိုက် ကြောက်လန့်မူးဝေ၊ သတိလစ်ခြင်းများဖြစ်ပွားခဲ့ခြင်းကြောင်း ပုသိမ်ပြည်သူ့ဆေးရုံကြီးနှင့် ဘုန်းကြီးကျောင်းများသို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ဧရာဝတီတိုင်းဒေသကြီး)ကွန်ယက်ဝင် ပုသိမ်မြို့နယ်ရှိလူမှုကယ်ဆယ်ရေးအဖွဲ့များမှအဖွဲ့ဝင်(၄၀)ဦး၊လူနာတင်ယာဉ်(၁၅)စီးဖြင့်ပို့ဆောင်ကူညီခဲ့ရကြောင်း ဧရာဝတီတိုင်းဒေသကြီး လူမှုကယ်ဆယ်ရေး တိုင်းသြ၀ါဒစရိယ ဆရာတော် ဦးစန္ဒာသီရိက The Ladies သို့ မိန့်ကြားခဲ့သည်။

“ဖြစ်တာကတော့ ဒီတစ်ကြိမ်နဲ့ဆိုရင် သုံးကြိမ်ရှိပြီ ၊အဲ့ဒီစက်ရုံမှာပဲ ဖြစ်တာ မနေ့က(စက်တင်ဘာ၁၆ရက်) တော့ ကိုယ်တွေ့ပေါ့ သူတို့တွေခေါ်လာကြတယ် လူနာတင်ယာဉ်တွေ အကူအညီတောင်း တယ်။ ဆေးရုံပို့တယ် တစ်ချို့ကို ဘုန်းကြီးကျောင်းပို့တယ် ၊ ခန့်မှန်းခြေ ၈၀ ၀န်းကျင်လောက်ရှိတယ် ။ သူတို့ကဘာပြောလဲဆို သူတို့ပရလောကသားတွေဒီမှာရှိနေတဲ့ဟာတွေ ကျွတ်ချင်တယ်ပေါ့ ။ အဲ့ဒါသူတို့ကို ရည်းစူးမှုလေးလုပ်ပေးပါ သူတို့သာဓုခေါ်ပြီး နောက်နောင် အဲ့ဒီလိုမနှောင့်ယှက်ပါဘူး သူတို့ပြောတယ်”ဟု ဆရာတော်ဦးစန္ဒာသီရိက မိန့်ကြားသည်။
ယနေ့(စက်တင်ဘာ၁၇ရက်)တွင် သဘောတူညီချက်ရရှိထားသည့် အတိုင်း သံဃာ ၁၁ ပါးပင့်၍ ပုသိမ်မြို့၊အမှတ်(၁၃)ရပ်ကွက်၊ စက်မှုဇုံ အတွင်းရှိ သိုးမွှေးအထည်ချုပ်စက်ရုံ တစ်ရုံဖြစ်သည့် မြန်မာ နစ်တင်းဖက်ထရီလီမိတက် စက်ရုံတွင် အလှူဒါနပြုလုပ်ပြီး အမှုပေးဝေ ရန် ဆောင်ရွက်နေကြောင်း ဆရာတော်က မိန့်ကြားသည်။
“ဒီမနက် သံဃာတော် ၁၁ ပါးပင့်ပြီး အကျွတ်အလွတ်ပွဲပုံစံမျိုးပေါ့ ၀ိုင်းပြီးတော့ ကုသိုလ်ကောင်းမှု ပြုလုပ်ပေးတယ် ဒီမနက်တော့ လူနာတင်ယာဉ် ၄ စီး အဆင်သင့် ထိုးပေးထားတယ် ဒီမနက်တော့ စက်ရုံမှာ အလှူဒါနလုပ်ပြီးတော့ အမှုပေးဝယ်မယ်လို့ ကတိပေးတဲ့ အတိုင်း လုပ်ပေးတယ်”ဟု ဆရာတော် ဦးစန္ဒာသီရိက ဆက်လက် မိန့်ကြားခဲ့သည်။
The Ladies News

No comments:

Post a Comment

My Blog List