Thursday, September 19, 2019

အိန္ဒိယမှာကျင်းပမယ့် ရောင်းသူဝယ်သူ ကုန်သွယ်ရေးဆွေးနွေးပွဲ မြန်မာလုပ်ငန်းရှင်တွေ တက်မည်


 
အိန္ဒိယနိုင်ငံ၊ ချင်နိုင်းမြို့မှာကျင်းပမယ့် ရောင်းသူ ၀ယ်သူ ကုန်သွယ်ရေးဆွေးနွေးပွဲကို CLMV လို့ခေါ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေက စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲကို အောက်တိုဘာလ ၁၄ ရက်ကနေ ၁၈ရက်နေ့အထိ ကျင်းပမှာပါ။
ဒီဆွေးနွေးပွဲဟာ အိန္ဒိယရဲ့ အရှေ့လှည့်မူဝါဒအရ CLMV လေးနိုင်ငံ အပါအ၀င်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ဖြစ်ကြောင်း သတင်းမှာ ဖေါ်ပြပါတယ်။

RFA

No comments:

Post a Comment

My Blog List