Thursday, September 19, 2019

ေနျပည္ေတာ္ေက်ာက္မ်က္ျပပြဲသို႔ ႏိုင္ငံသားကတ္အတု ကိုင္ေဆာင္ၿပီးလာေရာက္သည့္ တ႐ုတ္ႏိုင္ငံသား ၃ ဦးကို ဖမ္းဆီးထား


Image may contain: one or more people
ေနျပည္ေတာ္႐ွိမဏိရတနာေက်ာက္စိမ္းခန္းမတြင္ က်င္းပျပဳလုပ္ေနသည့္ ၂၀၁၉ ခုႏွစ္ ႏွစ္လယ္ျမန္မာ့ ေက်ာက္မ်က္ရတနာျပပြဲကို တ႐ုတ္ႏိုင္ငံသား ၃ ဦးမွ ႏိုင္ငံသားကတ္အတုမ်ား ကိုင္ေဆာင္၍ စက္တက္ဘာလ ၁၈ ရက္ေန႔က ဝင္ေရာက္လာစဥ္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ဖမ္းမိရမိခဲ့သည့္ တ႐ုတ္ႏိုင္ငံသား ၃ ဦးကို ျပန္လည္ စိစစ္၍ ဥပေဒႏွင့္ အညီဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန မွ ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက ေျပာသည္။

"အဲ့ဒီသတင္းေလးကိုရတယ္။ျပန္စိစစ္ေနတယ္။သူတို႔ ဘယ္က ဒီႏိုင္ငံသားအတုေတြကို ကဒ္ျပားေတြရ႐ွိတာလဲ။ၿပီးရင္ ဥပေဒနဲ႔အညီ ဆက္ၿပီးေတာ့မွေဆာင္ရြက္သြားပါမယ္။သိရဲ႕သားနဲ႔ေဆာင္ရြက္တာလား၊မသိရဲ႕သားနဲ႔ ေဆာင္ရြက္တာလား ဒါေလးကို စိစစ္ၿပီးေတာ့မွ ဥပေဒနဲ႔ အညီ ေဆာင္ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္" ဟု ဦးသိန္းေဆြကေျပာသည္။

ယေန႔ က်င္းပျပဳလုပ္သည့္ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးသို႔ ေမးခြန္းလာေရာက္ေျဖၾကားခ်ိန္တြင္ သတင္းမီဒီယာမ်ား၏ ေမးျမန္းမႈ အေပၚ ျပည္ေထာင္စုဝန္ျကီးက အထက္ပါအတိုင္း ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

၎ ၃ ဦးသည္ ျပပြဲခန္းမအတြင္းသို႔ ဝင္ေရာက္ျခင္းမျပဳမီ စစ္ေဆးခ်ိန္တြင္ ဖမ္းဆီးခံခဲ့ျခင္းျဖစ္သည္။

အဆိုပါ တ႐ုတ္ႏိုင္ငံသား ၃ ဦးကို ဇဗၺဴသီရိၿမိဳ႕နယ္ အမွတ္ ၁ ၿမိဳ႕မ ရဲစခန္းတြင္ ရာဇသတ္ႀကီးပုဒ္မ ၄၂၀/ ၄၆၈ ျဖင့္ အမႈဖြင့္ထားၿပီး ဖမ္းဆီးထားၿပီး စစ္ေဆးထားမႈမ်ားလုပ္ေဆာင္လ်က္႐ွိေၾကာင္း သိရသည္။

၂၀၁၉ ခုႏွစ္ ႏွစ္လယ္ျမန္မာ့ ေက်ာက္မ်က္ရတာနာ ျပပြဲကို စက္တင္ဘာလ ၁၆ ရက္ေန႔မွ စက္တင္ဘာလ ၂၅ ရက္ေန႔အထိ က်င္းပျပဳလုပ္ေနလ်က္႐ွိသည္။

-----------------------------------------------

(Unicode)

နေပြည်တော်ကျောက်မျက်ပြပွဲသို့ နိုင်ငံသားကတ်အတု ကိုင်ဆောင်ပြီးလာရောက်သည့် တရုတ်နိုင်ငံသား ၃ ဦးကို ဖမ်းဆီးထား

စက်တင်ဘာ ၁၉
ယဉ်ကေနွယ်

နေပြည်တော်ရှိမဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်နေသည့် ၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို တရုတ်နိုင်ငံသား ၃ ဦးမှ နိုင်ငံသားကတ်အတုများ ကိုင်ဆောင်၍ စက်တက်ဘာလ ၁၈ ရက်နေ့က ဝင်ရောက်လာစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းမိရမိခဲ့သည့် တရုတ်နိုင်ငံသား ၃ ဦးကို ပြန်လည် စိစစ်၍ ဥပဒေနှင့် အညီဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

"အဲ့ဒီသတင်းလေးကိုရတယ်။ပြန်စိစစ်နေတယ်။သူတို့ ဘယ်က ဒီနိုင်ငံသားအတုတွေကို ကဒ်ပြားတွေရရှိတာလဲ။ပြီးရင် ဥပဒေနဲ့အညီ ဆက်ပြီးတော့မှဆောင်ရွက်သွားပါမယ်။သိရဲ့သားနဲ့ဆောင်ရွက်တာလား၊မသိရဲ့သားနဲ့ ဆောင်ရွက်တာလား ဒါလေးကို စိစစ်ပြီးတော့မှ ဥပဒေနဲ့ အညီ ဆောင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ဦးသိန်းဆွေကပြောသည်။

ယနေ့ ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ မေးခွန်းလာရောက်ဖြေကြားချိန်တွင် သတင်းမီဒီယာများ၏ မေးမြန်းမှု အပေါ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

၎င်း ၃ ဦးသည် ပြပွဲခန်းမအတွင်းသို့ ဝင်ရောက်ခြင်းမပြုမီ စစ်ဆေးချိန်တွင် ဖမ်းဆီးခံခဲ့ခြင်းဖြစ်သည်။

အဆိုပါ တရုတ်နိုင်ငံသား ၃ ဦးကို ဇဗ္ဗူသီရိမြို့နယ် အမှတ် ၁ မြို့မ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၀/ ၄၆၈ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးထားပြီး စစ်ဆေးထားမှုများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတာနာ ပြပွဲကို စက်တင်ဘာလ ၁၆ ရက်နေ့မှ စက်တင်ဘာလ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်နေလျက်ရှိသည်။

No comments:

Post a Comment

My Blog List